"လက်ရှိခန္ဓာ မတွယ်တာနှင့်၊ နောင်လာဘဝ၊ မတောင်းတဘဲ၊ ကြောင့်ကြစွဲဖြင့်၊ အမြဲမပြတ်၊ ဝိပဿနာ၊ လေ့လာကြိမ်ကြိမ်၊ အာစိဏ္ဏကံ၊ ဖြစ်ကြောင်းဖန်မူ၊ ထိုသည့်သူကား၊ အယူမလွဲ၊ ဂတိမြဲ၏။(မိုးကုတ်ဆရာတော်) "

Monday, November 30, 2009

လေးနှစ်အရွယ် ရဟန္တာသာမဏေ



ဘုရားရှင်သက်တော်ထင်ရှား ရှိစဉ်အခါတုန်းက သာသနာတော်ထဲမှာ ရဟန္တာသာမဏေ (၁၇) ပါးရှိခဲ့ပါတယ်။
အဲဒီထဲမှာ ဧကဒီပိယ အမည်ရှိတဲ့သာမဏေကတော့ အသက်အငယ်ဆုံးပေါ့။ လေးနှစ်အရွယ်မှာပင်
ရဟန္တာအဖြစ်သို့ ရောက်ရှိခဲ့ပါတယ်။ ဘာကြောင့် ဤကဲ့သို့ သာမဏေငယ်လေးဘဝနဲ့ ရဟန္တာအဖြစ်သို့ ရောက်ရှိခဲ့ရသလဲဆိုတာက စိတ်ဝင်စားစရာလေးတစ်ခုပါ။ ဘယ်သူပဲဖြစ်ဖြစ် ကောင်းမှုတွေပြုလို့ တရားဘာဝနာတွေအားထုတ်ကြမယ်ဆိုရင် ပါရမီရင့်ကျက်လာတဲ့တစ်နေ့မှာ မိမိတို့လိုအပ်နေတဲ့ ငြိမ်းအေးမှုပန်းတိုင် အမြိုက်နိဗ္ဗာန်ချမ်းသာကို ခံစားကြရမည်မှာ မလွဲဧကန် အမှန်ပင်မဟုတ်ပါလား။
နိဗ္ဗာန်ကိုမရောက်မချင်း ဖြစ်လာတဲ့ဘဝမှာ ကုသိုလ်တရားတွေနဲ့ မွေ့လျှော်ပြီး ဘဝလှပရေးအတွက်
ပါရမီဖြည့်ပေးနေဖို့ကအဓိကဖြစ်ပါတယ်။ ကုသိုလ်တရားမရှိခဲ့လို့ အကိုသိုလ်ကံတရားတွေကြောင့် အပါယ်ဘုံသို့ ကျရောက်ခဲ့မယ်ဆိုရင် ကုသိုလ်တရားတွေကို ပြုခွင့်မရနိုင်တော့ဘဲ အမြိုက်နိဗ္ဗာန်
နှင့်လည်းဝေးကြရတော့မည်သာ။ ဧကဒီပိယ သာမဏေရဲ့ အတိတ်အကြောင်းကတော့....! ဤဘဒ္ဒကမ္ဘာ၏အထက် (၉၄) ကမ္ဘာကာလတုန်းက သိဒ္ဓတ္ထမြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မှုတဲ့အခါ ညနေစောင်းလေးအချိန်၌ လူအများ၊ တပည့်သားသာဝကများက ဘုရားရှင်၏အလောင်းတော်ကို နံ့သာထင်းပုံထက်သို့ တင်ပြီးပူဇော်ကြ၊ မိမိတို့၏ စွမ်းအားအလျောက် မြတ်ဗုဒ္ဓ၏ နံ့သာထင်းပုံကို ပူဇော်ကြပါတယ်။ အဲဒီထဲမှာ အမျိုကောင်းသားတစ်ယောက်က နံ့သာထင်းပုံရဲ့အနီးမှာ ဆီမီးတစ်တိုင်ကို ထွန်းညှိပူဇော်ခဲ့တယ်။ အဲဒီဆီမီးတိုင်ဟာ နောက်တစ်နေ့ နေထွက်သည့်တိုင်အောင်တောက်ပနေ ဆဲရှိခဲ့တယ်။ ထိုကောင်းမှုကြောင့် (စေတနာသဒ္ဓါတရားရဲ့ ထက်သန်မှု၊ တောင်းတမှုတို့ကြောင့်) လူ့ဘဝမှကွယ်လွန်သွားတဲ့အခါ တာဝတိံသာနတ်ပြည်မှာနတ်သားဖြစ်ခဲ့တယ်။ ထိုသူရဲ့ကုသိုလ်ကံကြောင့် ဖြစ်လာသောဘုံဗိမာန်မှာလည်း ဧကဒီပိဗိမာန် လို့ထင်ရှားပါတယ်။ အဲဒီအလှုရှင်ဟာ ဆီမီးတစ်တိုင်ရဲ့ ကောင်မှုကြောင့် (၅၁)ကြိမ်တိုင်တိုင် နတ်ပြည်၌ဖြစ်ကာ (၃) ကြိမ်တိုင်တိုင် နတ်မင်းဖြစ်ပြီး (၂၈) ကြိမ်တိုင်တိုင်စကြာဝတေးမင်းဖြစ်ခဲ့ဖူးတယ်။အဲဒီသူကဧကဒီပိသာမဏေအလောင်းပေါ့။တာဝတိံသာနတ်ပြည်မှစုတေသော် ဂေါတမဘရားရှင်ရဲ့လက်ထက် လူ့ပြည်မှာပြန်လည်မွေးဖွါး၍ (၄) နှစ်အရွယ်မျှဖြင့်ပင် ဘုရားရှင်နဲ့တွေ့၍ ရှင်သာမဏေဝတ်ခဲ့တယ်။ ဘုရားရှင်က သူ့ရဲ့အတိတ်အကြောင်းကိုကြည့်တော်မူ၍ ရှင်သာမဏေဘွဲ့အမည်ကို ဧကဒီပိယ လို့အမည်ပေးခဲ့ပါတယ်။(ဧကဒီပိ ဆိုတာက ဆီမီးတစ်တိုင်လို့အဓိပ္ပါရပါတယ်)။သာမဏေလေးဟာတရားအားထုတ်လိုက်တဲ့အခါ(၁၅)ရက်မပြည့်မီပင်ကိ လေသာအညစ်အကြေးကင်းကွာ ရဟန္တာအဖြစ်သို့ ရောက်ရှိခဲ့ပါတယ်။
သူသည် ဒိဗ္ဗစက္ခုအဘိဉာဏ်ကိုရခြင်း၊ ရဟန္တာဖြစ်ရခြင်း၊ ဤဘဒ္ဒကမ္ဘာ၏ (၉၄) ကမ္ဘာကာလ၊ ဆီိမီးလှုခဲ့ရာဘဝမှစ၍ တစ်ကြိမ်တခါမျှ အပါယ်လေးပါးသို့ မလားရခြင်းတို့သည် ဆီမီးတစ်တိုင်လှုရခြင်း၏
အကျိုးဆက်ဖြစ်သည်။ အနည်းငယ်လှုရသော ကောင်းမှုကြောင့် ဤမျှလောက်ထူးခြားဆန်းကြယ်သော အကျိုးတရားတို့ကိုရရှိသည်မှာအံ့ဩဝမ်းမြောက်ဖွယ်ကောင်းလှပါတယ်။ဘုရား၌ဖြစ်စေ၊သံဃာတော်၌ဖြစ်
စေဖြူစင်သောစေတနာနှင့် စိတ်ကြည်လင်မှု သဒ္ဓါတရားရှိပါလျှင် ပေးလှုအပ်သောဒါနမည်သည် နည်းသည်ဟူ ၍မရှိပါချေ။
လယ်ယာမြေကောင်း၌ စိုက်ပျိုးအပ်သော မျိုးစေ့အနည်းငယ်သည်လည်း မိုးရေကို လုံလောက်စွာရပါလျှင် အသီးအနှံတို့ ဖွံ့ဖြိုး ကြီးထွားများပြားသကဲ့သို့ ဘုရားနှင့် သံဃာတော်တို့၌ စိုက်ပျိုးအပ်သော ကောင်းမှုအနည်းငယ်သည်လည်း နှစ်သက်ဝမ်းမြောက်မှု မိုးရေကိုလုံလောက်စွာရပါလျှင် ဖွံ့ဖြိုးကြီးမားထူးခြားသော အကျိုးကိုပေးစွမ်းနိုင်ပါတယ်။
(၇) အရွယ် ရဟန္တာသာမဏေများမှာ (၁၃)ပါးရှိပါတယ်။
၁။ တိသရဏဂမနိယသာမဏေ
၂။သတရံသိသာမဏေ
၃။ဝိဓူပနဒါယကသာမဏေ
၎။ မဂ္ဂသညကသာမဏေ
၅။ဓမ္မဿနိယသာမဏေ
၆။ဇကဓမ္မဿနိယသာမဏေ
၇။ဉာဏထဝိကသာမဏေ
၈။သီဝလိသာမဏေ
၉။ဥတ္တရသာမဏေ
၁၀။သံကိစ္စသာမဏေ
၁၁။ပဏ္ဍိတသာမဏေ
၁၂။သောပါကသာမဏေ
၁၃။ရေဝတသာမဏေ
(၅)နှစ်အရွယ် ရဟန္တာသာမဏေများ (၃)ပါးရှိပါတယ်။
၁။ပဉ္စသီလ သမာဒါနိယသာနဏေ
၂။ပဒုမသာမဏေ
၃စန္စမာလိယသာမဏေ
(၄) နှစ်သားအရွယ် ရဟန္တာသာမဏေမှာ ဧဒီပိယသာမဏေ တစ်ပါးတည်းပါ။
Witten by အရှင်နန္ဒသာရ(သစ္စာရောင်ခြည်)

Sunday, November 29, 2009

မြတ်ဗုဒ္ဓ၏ သြဝါဒ

မြတ်ဗုဒ္ဓ၏တရားတော်များသည် လောကုတ္တရာနှင့်ပတ်သက်သော နိဗ္ဗာန်ရောက်ကြောင်း တရားများကိုသာဟောကြားထားခဲ့သည်မဟုတ်။ လောကလူသားများအတွက် ဘယ်လိုနေထိုင်ရမယ်၊ ဘယ်လိုစားသောက်ရမယ်၊ဘယ်လိုပြောဆိုရမယ်၊ ဘယ်လိုစိတ်ဓာတ်တွေကိုမွေးမြှုရမယ် စသည်ဖြင့်
ဘုရားရှင်၏ရွှေနှုတ်တော်မှ လောကီဆိုင်ရာ တန်ဖိုးမဖြတ်နိုင်သော တရားတော်များကိုလည်း မိန့်ကြား
ခဲ့ပါတယ်။ လောကီဆိုင်ရာ တန်ဖိုးမဖြတ်နိုင်သော တရားတောအချို့မှာ….!
၁။{ မိဘကိုပစ်မထားနှင့်}
အိုမင်းမစွမ်းဖြစ်နေသည့် မိအိုဖအိုတို့ကို ကျွေးမွေးပြုစုနိုင်သည့် အခြေအခြေရှိပါလျှက် မကျွေးမွေးမပြုစု
သောသူသည် သူယုတ်မာ။(သုတ္တနိပါတ်။ဝသလသုတ်)
၂။{အကျင့်စာရိတ္တကောင်းဖို့အရေးကြီးသည်}
အမျိုးအနွယ် ကြီးမြင့်ခြင်း၊ရုပ်အဆင်းလှပခြင်းသည်အချည်းနှီးသာဖြစ်၏။ ကိုယ်ကျင့်သီလရှိုခြင်းသည်
သာလျှင်မြတ်၏။ကိုယ်ကျင့်သီလမရှိလျင် တတ်သောအတတ်ပညာမျှဖြင့် မကြီးပွါးနိုင်။(သီလဝီသံသဇာတ်)။
၃။{အသွားမတော်တလှမ်း}
အချိန်မတော် သွားလာလည်ပတ်သောသူသည် မိမိ၏လုံခြုံရေးအတွက်လည်းစိတ်မချရ၊ အိမ်က သားမယား(သားလင်ယောက်ျား) တို့၏ လုံခြုံရေးအတွက်လည်းစိတ်မချရ၊ ပစ္စည်းဥစ္စာတို့၏ လုံခြုံရေးအတွက်လည်းစိတ်မချရ၊ မှုခင်းကိစ္စဖြစ်ပေါ်လျှင်မသင်္ကာခံရတတ်၏။ မဟုတ်ဘဲနှင့် စွပ်စွဲခံ
ရတတ်၏။ အချိန်မတော်သွားလာလည်ပတ်ခြင်းသည် ဒုက္ခအမျိုးမျိုးတို့၏ ရှေ့ပြေးပင်ဖြစ်သည်။
(သုတ်ပါထေယျ၊သင်္ဂါလောဝါဒသုတ်)။
၎။{ပြဿဒါးရက်ရာဇာမရွေးနဲ့}
နက္ခတ်ကောင်းမကောင်းတွက်ချက်စဉ်းစားနေသော လူမိုက်ကို အခွင့်အရေးအကျိုးစီးပွါးများက ကျော်လွန်သွားလေသည်။ အကျိုးစီးပွါးကိုလိုချင်သူအတွက် အကျိုးရှိသောအလုပ် သည်ပင်လျှင်နက္ခတ်ကောင်းဖြစ်၏။ ကောင်းကင်က ကြယ်တာရာတို့ကဘာလုပ်နိုင်ကြမည်နည်း။ (ဇာတက၊နက္ခတ္တဇာတ်)။
၅။{ကောင်းသောစကား}
ချစ်သားတို့…………..!
၁။ပြောသင့်သောအခါ၌ ပြောဆိုခြင်း။
၂။ မှန်ကန်စွာပြောဆိုခြင်း။
၃။သိမ်မွေ့စွာပြောဆိုခြင်း။
၎။အကျိုးစီးပွါးနှင့်စပ်၍ပြောဆိုခြင်း။
၅။မေတ္တာစိတ်ဖြင့်ပြောဆိုခြင်း။
ဤအင်္ဂါငါးပါးနှင့် ညီညွတ်သောစကားသည် ကောင်းသောစကားဖြစ်၏။ အပြစ်မရှိသောစကားဖြစ်၏။
ပညာရှိတို့မကဲ့ရဲ့အပ်သောစကားဖြစ်၏။(ဝါစာသုတ်)။
၆။{လောကီ၊လောကုတ္တရာတိုးတက်ကြီးပွါးကြောင်းတရားခြောက်ပါး}
၁။ကိုယ်ရောစိတ်ပါ ကျန်းမာခြင်း။
၂။ကိုယ်ကျင့်သီလရှိခြင်း။
၃။ပညာရှိတို့၏ အဆုံးအမကိုလိုက်နာခြင်း။
၎။အကြားအမြင်ဗဟုသုတများခြင်း။
၅။ဒုစရိုက်ကိုရှောင်၍ သုစရိုက်တရားအတိုင်းကျင့်သုံးခြင်း။
၆။မပျင်းရိခြင်း။ ဤခြောက်ပါးတို့သည် လောကီ၊လောကုတ္တရာနှစ်ဖြာသောတိုးတက်ကြီးပွါးခြင်း၏အကြောင်း
များပင်ဖြစ်သည်။(အတ္တဿဒွါရဇာတ်)။
၇။{စည်းစိမ်ဥစ္စာပျက်စီးကြောင်းတရားလေးပါး}
၁။ပျောက်သည်ကိုမရှာဖွေ။
၂။ပျက်သည်ကိုမပြင်။
၃။အတိုင်းအတာမရှိသုံးစွဲသည်။
၎။အကျင့်စာရိတ္တမကောင်းသူကိုစီမံအုပ်ချုပ်ခိုင်းသည်။ ဤတရားလေးပါးသည် စည်းစိမ်ဥစ္စာပျက်စီးကြောင်းတရားများဖြစ်၏။(စတုကအင်္ဂုတ္ထိုရ်၊ကုလသုတ်)။
၈။{နောင်တ}
အရွယ်ရှိတုန်း သူတော်ကောင်းတရားကိုလည်း မကျင့်မိ၊ ပစ္စည်းဥစ္စာလည်း မစုမိလျှင်၊ အရွယ်သောအခါ
ရေလည်းခန်း၊ငါးလည်းကုန်နေသော ညွန်အိုင်ထဲက အတောင်ကျိုးနေသည့် ကြိုးကြာအိုကြီးကဲ့သို့
မှိုင်တွေချကာ နောင်တရတတ်လေသည်။(ဓမ္မပဒ၊ဇရာဝဂ်)။
ဓမ္မအသိတွေဖြန့်ဝေပေးလိုက်ပါတယ်။ အရှင်နန္ဒသာရ(သစ္စာရောင်ခြည်)

Saturday, November 28, 2009

ဘုရားဖြစ်တယ်ဆိုတာ

ဘုရားရှင်သည် ခုနစ်ရက်ပတ်လုံး မဟာဗောဓိပင်အောက်တွင် အာနာပါနကမ္မဋ္ဌာန်းကို စီးဖြန်း၍ ဝိပဿနာရှုပွါးရာ (၁) ညဉ့်ဦးယံ၌................ပုဗ္ဗေနိဝါသနုဿတိဉာဏ်တော်( သတ္တဝါအပေါင်းတို့၏ ရှေးဘဝ၊ရှေးခန္ဓာများကို မြင်နိုင်စွမ်းရှိသောဉာဏ်တော်)၊ (၂) သန်းခေါင်ယံ၌.....................ဒိဗ္ဗစက္ကု
ဉာဏ်တော်(သတ္တဝါများ၏လက်ရှိဘဝ၊လက်ရှိးခန္ဓာများကို နတ်မျက်စိပမာ မြင်တော်မှုနိုင်စွမ်းသော
ဉာဏ်တော်)၊ (၃) မိုးသောက်ယံ၌...............အာသဝက္ခယဉာဏ်တော်(ခေါ်) အရဟတ္တမဂ်ဉာဏ်တော်
(သစ္စာလေးပါးကိုသိမြင်တော်မှုကာ၊ကိလေသာအာသဝေါတရား အလုံးစုံ ကုန်ခမ်းသည့်ဉာဏ်တော်)၊
ဤသို့ဉာဏ်တော်သုံးပါးကို ရရှိပြီးနောက်အရဟတ္တမဂ်ဉာဏ်ဖြင့်သစ္စာလေးပါးတရားကို သိမြင်တော်မှု
သည်နှင့်အတူ အလုံးစုံကို အကြွင်းမရှိ အကုန်သိမြင်သော သဗ္ဗညုတဉာဏ်တော်ကို ရရှိပြီး မဟာသက္က
ရာဇ် ၁၀၃ ခုနှစ်(B.C 588)၊ ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့တွင် ဂေါတမနွယ်ဖွား အလောင်းတော်သိဒ္ဒတ္ထမင်း
သားသည် ဘုရားအဖြစ်သို့ရောက်ရှိတော်မှုခဲ့ပါသည်။ ဆောင်ပုဒ်။ ။ဝိဇ္ဇာသုံးပါးဉာဏ်တော်များ မှတ်သား ပု.ဒိ.အာ။ ၎င်းဉာဏ်တော်သုံးပါးကို ဝိဇ္ဇာသုံးပါးဟုခေါ်သည်။ အရှင်နန္ဒသာရ(သစ္စာရောင်ခြည်)

အရှိတရားကို အသိရှိစွာ သတိလေးနဲ့ထိန်းပေးပါ



မမြင်စေချင်သည်ကို မြင်လိုခြင်း၊ မသိစေချင်သည်ကိုသိလိုခြင်း၊ ကြားလိုခြင်းသည် လူ့ဓမ္မတာဖြစ်၏။
တစ်ဦးနှင့်တစ်ဦး မသင့်မြတ်ကြလျင် မကောင်းခြင်းကိုဖြစ်စေလိုခြင်း၊ မကောင်းသတင်းကိုဖန်တီးတတ်ကြစ
မြဲ၊ ဝန်တိုမှုတို့ဖြစ်ပေါ်လာစမြဲပင်ဖြစ်၏။ ခိုက်ရန်ဖြစ်မှု၊ ငြင်းခုန်မှုတို့သည် ဝန်တိုမှုကြောင့်ဖြစ်သည်။ ဝန်တိုမှုကြောင့် ဂုံးတိုက်မှုဖြစ်၏။ ဝန်တိုမှုမရှိလျင် ငြင်းခုန်မှု၊ ခိုက်ရန်ဖြစ်မှု၊ ဂုံးတိုက်မှုတို့ရှိမည်မဟုတ်ပေ။
ဤမကောင်းမှုတို့သည် လောက၌ဖြစ်လျှက်ရှိသည်။ ဝန်တိုမှုမရှိအောင် မိမိကိုယ်ကိုသတိဖြင့် ဆင်ခြင်ကာ
ဆုံးမနေသင့်၏။ ဝန်တိုမှုမရှိလျင် မေတ္တာတရားကင်းသောနေရာ၌ အေးငြိမ်းခြင်း၊ ငြိမ်းချမ်းခြင်း၏ အရသာကို မခံစားနိုင်ပေ။
သည်းခံခြင်းသည် အကောင်းဆုံး အမြတ်ဆုံးကျင့်စဉ်ဖြစ်သည်။ အခက်ဆုံးလည်းဖြစ်သည်။ သည်းခံခြင်း
ဟူသည် မနိုင်၍အားလျော့ပေးခြင်း၊ ငုံ့ခံခြင်းမမည်ပေ။ သည်းခံခြင်း၌ ခွင့်လွှတ်ခြင်းသည်လည်း အကျုံးဝင်
သည်။ သည်းခံခွင့်လွှတ်ခြင်းသည် လောဘ၊ ဒေါသ၊ မောဟ စိတ်တို့ကိုလျော့ပါးစေသည်။ ချမ်းသာမှုကိုတိုး
ပွါးစေသည်။ စိတ်၏ကျင့်ခိုင်မှု စွမ်းရည်ကိုမြင့်စေသည်။ ကိုယ်နှုတ်နှလုံးကို စောင့်စည်းသော၊ တရားသဖြင့်
အသက်မွေးသော၊ မမေ့မလျော့အပ္ပမာဒ တရားနှင့်ပြည့်စုံသူအား ကျော်ဇောခြင်းသည် အစဉ်တိုးပွါး၏ ဟု
ဘုရားရှင်ဓမ္မပဒ၌မိန့်ဆိုထားသည်။
မေတ္တာစိတ်ကင်းမဲ့နေသောသူသည် အရာခပ်သိမ်း ကြောက်ရွံ့စိတ်၊ စိုးရိမ်စိတ်တို့ ခံစားနေရမည်သာ။ မိမိရော သူတစ်ပါးပါ နှစ်ဦးစလုံး ထပ်တူထပ်မျှ ကိုယ်စိတ်နှစ်ပါး ချမ်းသာခြင်းကိုအလိုရှိသောသူသည်
ရန်ငြိမ်းခြင်း၊ ရန်အေးခြင်း၊ ရန်နိုင်ခြင်း၊ ရန်ကုန်ခြင်း တို့နှင့်အတူ သုခချမ်းသာခြင်းနှင့် ထိတွေ့နေမည်သာ။
လူ့လောက၌ ခဏတာရရှိလာသည့် ဘဝတစ်ခုကို ဆုံးခန်းမြောက်သည့်တိုင် ကောင်းအောင်မြတ်နှိုး၊ ကောင်အောင်ကျိုး၍၊ ကောင်းကျိုးကိုယ်၌ တည်စေလျှက် မိမိတို့၏စိတ်ကို ကောင်းစွာပြုပြင် ထိန်းသိမ်း
စောင့်ရှောက်သွားရန် အရှိကို အသိဖြင့်လည်းကောင်း၊ အသိကို သတိဖြင့်လည်းကောင်းဆင်ခြင်လိုက်ပါ။ အရှင်နန္ဒသာရ(သစ္စာရောင်ခြည်)

Friday, November 27, 2009

သစ္စာရောင်ခြည် Blog ၏ မြစ်ဖျားခံရာ




လူသားတိုင်းမှာ သမိုင်းကိုယ်စီရှိကြတယ် မဟုတ်လား။ မည်သူမဆို ကိုယ့်သမိုင်းကို ကိုယ်ရေးနေကြပါ၏။ ကိုယ့်သမိုင်းကို ကိုယ်လှပအောင် ဖန်တီးသူသည် ယခုဘဝ နောင်ဘဝ နှစ်ခုလုံးတွင် စိတ်ချမ်းသာမယ်။
စိတ်ချရမယ်။ သမိုင်းမလှခဲ့လျင် ယခုဘဝ နောင်ဘဝ နှစ်ခုလုံးတွင် စိတ်ညစ်ရမယ်၊ သံသရာမှာဆင်းရဲမယ်။
ဘာပဲဖြစ်ဖြစ် ဘဝသမိုင်းမယိုင်စေပါနဲ။ “တချက်လွဲရင် တသက်မွဲတယ်” ဆိုတဲ့စကားက ဘဝအတွက် မှတ်
သားစရာလေးတစ်ခုပါ။ မနေ့ကသည် ဒီနေ့အတွက်သမိုင်း ဒီနေ့သည် မနက်ဖြန် အတွက်သမိုင်း။
အို!...ပြောပြောဆိုဆိုနဲ့ ကိုယ့်ဘလော့ သမိုင်းလေး အကြောင်းကို ပြောဖို့မေ့နေတယ်။ အမှန် ပြောရရင် တော့စာရေးသူ ဘဘော့ ဆိုတာကိုယခင်ကလုံးဝ စိတ်မဝင်စားခဲ့ပါ။ အခြားအခြားသော ဘလော့တွေထဲမှာ
လည်း ဓမ္မစာပေတွေကို သိပ်မဖတ်ဖြစ်ပါဘူး။ အခုတော့ ကိုယ်ပိုင် ဘလော့ရှိနေတော့ လူများစွာကို တနေရာတည်းကနေ ဓမ္မအသိတွေ ဖြန့်ဝေပေးနိုင်တယ်။ 2009 ခုနှစ်၊ စက်တင်ဘာလ 21 ရက်နေ့ ညနေချမ်းကာလ၊စာရေးသူရဲ့ အခန်းလေးထဲက စာကြည့်စားပွဲရှေ့မှာ “How to live without fear and worry” ဆိုတဲ့စာအုပ်ကိုဖတ်နေစဉ် အိန္ဒိယနိုင်ငံ၊ ပုနေးတက္ကသိုလ်တွင် Ph.D ဘွဲ့အတွက်ကျမ်းပြုနေတဲ့ စင်္ကာပူနိုင်ငံ၊ Jayamangala Buddhist Vihara ဆရာတော် အရှင်ဝိစိတ္တ ထံမှ အမှတ်မထင် ဖုန်းဝင်လာ ပါတယ်။ အားပါးတရဝမ်းပန်းတသာ ဖုန်းလေးကိုအသာလေးကောက်ကိုင်ပြီး ဆရာတော်ရဲ့စကားကို နာခံမှတ်သားစွာ နားထောင်နေမိတယ်။ ဆရာတော်က စာရေးသူကို “အရှင်ဘုရားအတွက်ဘလော့လေး တစ်ခုလုပ်ပေး ချင် တယ်၊ကိုယ်ပိုင်ဘလော့လေးရှိတော့ ဒကာ၊ဒကာမတွေကို တရားအသိတွေပေးနိုင်တယ်၊ တရားတွေဟော ပြနိုင် တာပေါ့၊ သာသနာတော်အတွက် အကျိုးကျေးဇူး များတဲ့အလုပ်ပဲလေ” ဆိုပြီး မိန့်ကြားခဲ့ပါတယ်။ စာ ရေးသူလည်း ဆရာတော်ရဲ့ မေတ္တာစေတနာစကားကို ဝမ်းမြောက်စွာနာခံယူလျှက် ဒီလိုဆိုရင် တပည့်တော် အတွက် အရမ်းကောင်းပါတယ်လို့ ပြန်လည်လျောက်တင်ခဲ့ပါတယ်။ နောက်တစ်နေ့မှာပဲ ဖြူစင်တဲ့ အနန္တမေတ္တာနှဲ့ဆရာတော်ကိုယ်တိုင် မအားလပ်တဲ့ကြားက တပည့်ဖြစ်သူ စာရေးသူအတွက် ဘလော့တစ်ခု ဖန်တီးခဲ့ပါတယ်။ သို့သော် အိန္ဒိယမှာ ဘလော့လုပ်ရတာ ခက်ခဲ့တာ ကြောင့် အဆင်မဖြေခဲ့ပါ၊ စင်္ကာပူကိုရောက် မှပြုလုပ်ပေးမယ်လို့ ပြောပြလျှက် စင်္ကာပူတွင် ဆရာတော် ကိုယ်တိုင်ဘလော့လုပ်တတ်တဲ့သူတစ်ယောက်ကိုအကူအညီတောင်းခံ၍ဖန်းတီးပေးခဲ့လို့ ဆရာတော်ရဲ့ကျေးဇူး တရားတွေကြောင့် စာရေးသူရဲ့ “သစ္စာရောင်ခြည်” ဆိုတဲ့ ဘလော့လေးဟာ Internet စာမျက်နှာပေါ်မှာရောက်ရှိလာတာပါ။

Thursday, November 26, 2009

အိန္ဒိယနိုင်ငံမှ ကမ္ဘာ့အံ့ဖွယ် Taj Mahal




စင်္ကာပူမြို့၊ Jayamangala Buddhist Viahara (ကလမတီကျောင်း) ဆရာတော် ဒေါက်တာ အရှင်ဝိစိတ္တရဲ့ပင့်ဖိတ်မှုနဲ့စင်္ကာပူနှိုင်ငံသို့ကြွရောက်ခဲ့ပြီးနောက်စင်္ကာပူနိုင်ငံမှအပြန်နယူဒေလီမြို့တော်ကြီးမှာတထောက်နားနေခိုက် Taj Mahal ကိုလည်ပတ် ချင်တဲ့ စိတ်က ဦးနှောက်ထဲမှာ နေရာယူခဲ့တယ်။ Taj Mahal ကိုဘာကြောင့်သွားချင်ရတာလေး လို့ကိုယ့်ကိုယ်ကို ပြန်မေးကြည့်တော့ Taj Mahal ဆိုတာကမ္ဘာ့ အံ့ဖွယ်နေရာတစ်ခုပဲမဟုတ်လား၊ Taj Maha ဆိုတဲ့အမည်ကိုကြားဖူးနေတာတော့ တော်တော်ကြာပါပြီ၊ ဒါပေမဲ့ အိန္ဒိယနိုင်ငံမှာ M.A နှစ်ဘွဲ့ရလို့ Ph.D ဘွဲ့ အတွက်တောင်ကျမ်းပြုရတော့မယ်။ ခုထိကမ္ဘာ့အံ့ဖွယ်ဆိုတဲ့နေရာ Taj Mahal ကိုမရာက်ဖူးသေး တာကဘာကြောင့်ပါလိမ့် “မူဆလင်နေရာလေးတစ်ခုဖြစ်နေတယ်ဆိုတဲ့ အသိစိတ်က နှလုံအိမ်မှာ ထိုးဖောက်ဝင်ရောက်နေလေတော့ အဲဒီနေရာလေးကို သွားလာ လည်ပတ်ချင်တဲ့စိတ်က တွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေမိလို့ပါ”။ စင်္ကာပူ၊မလေးရှား၊ထိုင်း စတဲ့နေ ရာတွေကို ရောက်တဲ့အခါ လူတော်တော် များများက Taj Mahal အကြောင်းကိုမေးကြပါတယ်။ စာရေးသူကိုယ်တိုင်က အဲဒီနေရာလေးကို မရောက်ဖူးသေးတော့ Taj Mahal ဟာဘယ်ဖက်ကို မျက်နှာမူနေတယ်၊ ယမုံနာမြစ် ရဲ့အနောက်ဖက်ကမ်းမှာလား၊ အရှေ့ဖက်ကမ်းမှာလား စသဖြင့်တိတိကျကျပြန်ဖြေနိုင်ဖို့စာရေးသူမှာအားနည်းစေခဲ့တယ်။ခုတော့ ဗဟုသုတ ရရှိရေးကိုဦးတည်၍ Taj Mahal သို့သွားလာလည်ပတ်ချင်တဲ့စိတ်ကို ဖြည့်ဆည်းရင်း ဦးနှောက်ထဲမှာ နေရာပေးလိုက်တော့တယ်။ Taj Mahal တည်ရှိရာ အာဂရာမြို့လေး ကတော့ နယူးဒေလီနဲ့ ကီလိုမီတာ ၂၀၀ ခန့်ကွာဝေးပါတယ်။ နယူဒေလီနဲ့ ဆိုရင် နေ့ချင်းပြန်သွားလာလို့ ရတဲ့နေရာတစ်ခုပါ။ စာရေးသူတို့ အဖွဲ့ နယူဒေလီမှ(၁၇.၁၁.၀၉)နေ့ မနက် ၆ နာရီမှာ ခရီးစထွက်ခဲ့တော့ အာဂရာမြို့ကို နေ့လည် ၁ နာရီ လောက်မှာရောက်ရှိ သွားခဲ့ပါတယ်။ ကားဂိတ်ကနေ Taj Mahal ကို Taxi နဲ့ ဆက်သွားရပါသေးတယ်။ နေ့ချင်းပြန် ဆိုတော့အချိန်လေးက တို တောင်း လွန်းတာကြောင့် Taj Mahal နဲ့ အာဂရာမြို့လေးရဲ့ ရှေး ဟောင်း နန်းတော်ကြီးကိုပဲ လည်ပတ်ဖြစ် ခဲ့ပါတယ်။ အိန္ဒိယနိုင်ငံတော်ကြီးကို မူဆလင်ဘုရင်များအုပ်စိုးခဲ့စဉ်ကအေဒီ(၁၅)ရာစုမှာရှားဂျဟန်ဘုရင်ဟာ အာဂရာမြို့လေးမှာထီးနန်းစိုက်ခဲ့ပါ
တယ်။ဘုရင်ကြီးရဲ့မိဖုရားကြီးအမည်ကတော့ မန်တပ်ဂ်ျမဟာလ်(MunTajmahal)ဖြစ်ပါတယ်။(အဲဒီမြို့လေး
ဟာ ယခုအချိန်မှာ အိန္ဒိယနိုင်ငံရဲ့ရှေးဟောင်း မြို့တော် တစ်ခုဖြစ်လို့ နေပြီပေါ့။ သမိုင်း အကြောင်းကိုတော့ အကျယ်တဝန်း မရေးတော့ပါဘူး)။တစ်နေ့မှာ မိဖုရားကြီးက ဘုရင်ကြီးကို မေးခွန်းတစ်ခု မေးဖူးတယ်တဲ့။“မောင်တော်နှမတော်ကို တကယ်ချစ်ရဲ့လား?”၊ ဘုရင်ကြီးကပြန်ဖြေတယ်“ အို!ဘယ်လိုမေးလိုက်တာလေး၊အသက်နဲ့အမျှချစ်တာပေါ့”။ ဒီလိုဆိုရင် နှမတော် ကွယ်လွန်သွားတဲ့အခါ လူသားတွေမမေ့နိုင် လောက်အောင် အချစ်သင်္ကတ တစ်ခုအနေနဲ့ ကမ္ဘာတည်သရွေ့ အမှတ်တရဖြစ်စေ ဖို့နှမတော်ရဲ့ရုပ်အလောင်းကို အုဌ်ဂူလေးတစ်ခုပြုလုပ်ပေးပါလို့ ဘုရင်ကြီးထံမှာတောင်းဆိုခဲ့တယ်လေ။ အဲဒီတောင်းဆိုမှုကိုဘုရင်ကြီးကလုပ်ပေးဖို့ကတိပြုခဲ့ပါတယ်။(၇.၆.၁၆၃၁)နေ့မှာမိဖုရားကြီးကွယ်လွန်သွားတဲ့အခါ သစ္စာကတိတည်တဲ့ဘုရင်ကြီးက မိဖုရားကြီးကိုဘယ်လောက်ချစ်တယ်ဆိုတာကို ပြချင်တဲ့ဆန္ဒနဲ့ အတူအချစ်သင်္ကတတစ်ခုကိုဖော်ကျုးတဲ့အနေနဲ့ကမ္ဘာ့အံ့ဖွယ်ဖြစ်အောင်အနုစစ်ကျောက်ဆစ်လက်ရာတွေနှဲထုဆစ်၍TajMahal ဆိုတဲ့အမည်နဲ့ ယမုံနာမြစ်ကမ်းနဘေးနန်းမြို့ရိုးအတွင်းမှာ အဆောက်အအုံတစ်ခုတည်
ဆောက်ပြီးအဲဒီအဆောက်အအုံရဲ့အလယ်မှာမိဖုရားကြီးရဲ့ရုပ်အလောင်းကိုဂူသွင်းထားခဲ့ပါတယ်။ အုဌ်ဂူရဲ့ ပတ်ပတ်လည်နဲ့ အုဌ်ဂူကို ဝန်းရံထားတဲ့ဂူဗိမာန်ရဲ့ နံရံပတ်ပတ်လည်မှာ ထုဆစ်ထားတဲ့ကျောက်ဆစ်ပန်းပုဆရာတွေရဲ့ ကျောက်ပန်းလက်ရာတွေကတော့ လက်ရာမြောက်လွန်းလို့ အံ့သြလို့မဆုံးနိုင်ပါဘူး။ ကျောက်ဆစ်လက်ရာတွေဟာ ဘယ်လောက်ပြောင်မြောက်တယ်၊ ဘယ်လောက်လှပ ကောင်းမွန်တယ်၊ ဘယ်လောက်ထည်ဝါတယ်၊ ဘယ်လောက် အနုဆစ်ဆန်တယ်ဆိုတာဟာ ယခုကမ္ဘာပေါ်မှာ အံ့ဖွယ်တစ်ခုဖြစ်လာခဲ့ပါတယ်။ Taj Mahal ဟာ ဗုဒ္ဓစာပေထဲမှာထင်းရှားတဲ့ အစိရဝတီ၊ဂင်္ဂါ၊ယမုနာ၊မဟီ၊သရဘူ ဆိုတဲ့ မြစ်ကြီးငါးသွယ်အနက် ယမုနာမြစ်ရဲ့အရှေ့ဘက်ကမ်း နဘေးမှာ တည်ရှိပြီး ရှုခင်းပသာဒ အလွန်လှပတာကြောင့် ကမ္ဘာပေါ်မှာအလှပဆုံး နေရာ 28 ခုအနက် နံပါတ်သုံး နေရာမှာရှိနေပါတယ်။
အရှင်နန္ဒသာရ(သစ္စာရောင်ခြည်)

Tuesday, November 24, 2009

ဝဋ်မှာအမြဲ ငရဲမှာအပ



ဝဋ်ဆိုတာလည်တတ်တယ်ဆိုတာလက်ခံပါသလား။ တနေ့ တနေ့ ကိုယ်လုပ်ခဲ့တဲ့ အလုပ်တွေထဲမှာ သူတပါးပေါ် မကောင်းကြံမိခဲ့တာလေးတွေ သိလို့ ပဲဖြစ်စေ၊ မသိလိုက်ပဲဖြစ်စေရှိနေတတ်ပါတယ်။ ကာယကံ၊ ၀ီစီကံ၊ မနောကံဆိုတဲ့ ကံသုံးပါးမှာ မနောကံမြောက် ကာယကံနဲ့ ၊ မနောကံမြောက် ၀ီစီကံတို့ ဟာကြောက်ဖို့ အကောင်းဆုံးပါ။ ဒါကြောင့်အမှုတမှု ကိုဆုံးဖြတ်တော့မယ်ဆိုရင်တောင် ကြိုတင်ကြံစည်မှုဆိုတာ ပိုပြီးကြီးလေးတတ်ပါတယ်။ ပြောချင်တာကတော့ ဘယ်အမှုကိုပဲ ပြုပြုပါ။ စိတ်ပါလက်ပါနဲ့  သူတပါးကိုမကောင်းမကြံမိပါစေနဲ့ ။ သိပ်ကြောက်ဖို့  ကောင်းပါတယ်။

ကံဆိုတာအလုပ်ပါ ကိုပြုခဲ့တဲ့ အလုပ်ပေါ်မူတည်ပြီး တချိန်ကိုပဲပြန်ခံစား၊ စံစားရမှာပါ။ အဲ့တော့ ကိုဘယ်လမ်း လျောက်ခဲ့လဲ ကိုယ်လျောက်ခဲ့တဲ့လမ်းကို ပဲရောက်မှာပါ။ ဒါက နိယာမတခုပါပဲဆိုတာမမေ့ဖို့ လိုပါတယ်။ လူပေါ်လူဇော်လုပ်ပြီး ကိုယ်ကကောင်းစားသွားတော့ကော ကိုယ်၏ချမ်းသာခြင်းတော့ ပြည့်စုံမယ်၊ စိတ်၏ချမ်းသာခြင်း မပြည့်စုံဘူးဆို တာသင်တို့ လက်ခံလား။

တူသောအကျိုးပေးဆိုတာ မြင်တတ်ရင်တွေ့ ပါတယ်။ ကိုယ်တွေ့ ကော၊ ပတ်ဝန်းကျင်မှာပါ ရှိနေတာပါ။ ယုတ်စွအဆုံး တိရိစ္ဆာန် လေးတွေအပေါ်မှာ မတရားလုပ်မိခဲ့ရင်တောင် ၀ဋ်လိုက်တတ်ပါတယ်။ ငယ်ငယ်က အဖိုးတွေအဖွားတွေ ပြောနေတဲ့ စကားတခွန်းပေါ့။ အယ်ဒီကောင်လေးတော့ ၀ဋ်လိုက်တော့မှာပဲဆိုတာလေ။ ၀ဋ်မှာအမြဲ ငရဲမှာအပပါ။ ငရဲ ဆိုတာ ကိုယ်ပြုခဲ့ တဲ့ ကုသိုလ်အဟုန်ကြီးနေရင် တောင်လွတ်နိုင်ပါသေးတယ်။ ကျော်သွားနိုင်ပါသေးတယ်။ ၀ဋ်ဆိုတာတော့ မိမိ သံသရာတလျောက် နိဗ္ဗာန် မရောက်ခင်စပ်ကြား အကြားအလပ်မရှိ လိုက်လာတတ်တာပါ။

တန်ခိုးတော်အရာမှာ ဧတဒဂ် ဘွဲ့ ရတော်မူထားတဲ့ ရှင်မောဂ္ဂလန် ရဟန္တာကိုယ်တော်မြတ်ကြီးတောင် ၀ဋ်ကိုမကျော်နိုင်သွားပါဘူး။ ပရိနိဗ္ဗာန် စံခါနီး ဒိဌိ တွေလွှတ်လိုက်တဲ့  လူမိုက်ငါးရာရဲ့ ရိုက်နှက်မှုနဲ ပရိနိဗ္ဗာန် ပြုခဲ့ရတာပါ။ တန်ခိုးတော်နဲ့ ဒီဟာကို ရှောင်လွှဲလို့ ရရဲ့သားနဲ့  ပြုခဲ့ဖူးတဲ့ အမူကိုဆင်ခြင်ပြီး ဒီဝဋ် ကိုပြန်လည်ပေးဆပ်ခဲ့ တာပါ။ အတိတ်ဘ၀တခုတုန်း က မယားရဲ့ အလိုဆန္ဒကိုလိုက်ကာ မျက်မမြင် မိခင်ဖခင်တို့ ကို တောထဲခေါ်ကာ ခိုးသားကြီးယောင်ဆောင်ပြီး ရိုက်နှက်ခဲ့ ဖူးတဲ့ အတိတ်ဝဋ်ကြွေးကြောင့်ပါ။

ဝဋ်ကြွေးကို မြတ်ဗုဒ္ဓ ဘုရားရှင်တောင် ရှောင်လွှဲလို့ မရခဲ့ပါဘူး။ တခုသောဘ၀တွင် ညီငယ်နှင့်စည်းစိမ် ခွဲရာတွင် ခိုင်ရန်ဖြစ်ပွားပြီး ညီငယ်အား ကျောက်ဖြင့် ထုသတ်ခဲ့ဖူးသောအတိတ်ကံ၊ ပစ္စေကဗုဒ္ဓာ အား ကလေးဘ၀တခုတွင် ခြေမတော်ကို ကျောက်ဖြင့်အပျာ်သဘော ပြစ်ခတ်ခဲ့ ဖူးတဲ့အတိတ်ကံ၊ ပဒေသရာဇ်မင်း ဘ၀တခုတွင် လူယုတ်မာနှင့် ပေါင်းမိသဖြင့် အပြစ်မရှိသူအား ဓါးဖြင့်ခွဲစိတ်ခဲ့ဖူးတဲ့ အတိတ်ကံ တို့ ကြောင့် ဗုဒ္ဓဘုရားရှင်ဖြစ်တော်မူသောအခါ ဒေ၀ဒတ် ၏ကျောက်မောင်းဆင် လုပ်ကြံမှု ကိုခံရခြင်း၊ ထိုမှကျောက်လွှာတခု ပဲ့စင်၍ ခြေမတော်၌ သွေးစိမ်း တည်ခြင်း၊ ၄င်းဒါဏ်ရာ ကိုဆေးဆရာ ဇိဝက က ဓါးဖြင့်ခွဲစိပ် ကုသ တာကို ခံရခြင်း စတဲ့ဝဋ်ကြွေးတွေကို အစဉ်လိုက်ပြန်လည် ပေးဆပ်ရပါတယ်။

ဒါကြောင့်ကျတော်တို့ လိုပုတုဇဉ်များအတွက်တော့ အထူးသတိထားစရာပါ။ ၀ဋ်ဆိုတာ သူကတော့ ရဟန္တာ၊ သူကတော့ ဘုရားရှင်ဖြစ်တယ်ဆိုပြီး မျက်နှာလိုက်ရိုးထုံးစံ မရှိပါ။ ဒါကြောင့် မိမိပြုခဲ့ဖူးတဲ့ အလုပ်တွေကို အထူးဆင်ခြင်သင့်ပါတယ်။ ငါသူ့ ကိုတခုလုပ်ထားတယ် တနေ့ ငါ့လဲ ငါလုပ်ထားသလိုပြန်ဖြစ်မှာပါလားဆိုတဲ့ သတိသံဝေဂ အမြဲရှိနေဖို့ လိုပါလိမ့်မယ်။ လုပ်ရဲရင်ခံရဲ ရမယ့်သတ္တိတော့လိုမှာပေါ့ဗျာ။ အလှည့်ကျတော့ မနွဲ့ စတမ်းပေါ့။ အဲ့လိုစိတ်မျိုးလေးထားလို့  အရာရာကိုဆင်ခြင်နိုင်ရင်တော့ အကောင်းဆုံးပေါ့။

ဒီဘ၀တော့ ငါကောင်းစားရင်ပြီးတာပဲ နောက်ဘ၀မှ အကုန်ခံမယ်ဆိုတဲ့ လူစားမျိုးတွေလဲသတိထားစေချင်ပါတယ်။ တချို့ က အခုဖြစ်မှာမှမဟုတ်တာ ပျော်ပျော်နေတယ်ဘာဖြစ်လဲ ဆိုတဲ့ လူတန်းစားကလဲ တမျိုးရှိကြပြန်ပါသေးတယ်။ အထူးသတိထားစေချင်ပါတယ်။ အဲ့လိုလူမျိုးတွေ အသေမကောင်းကြပါဘူး။ ဘ၀နီဂုံး တွေကိုကြည့်လိုက်ရင် မလှပကြပါဘူး။ မျက်စိရှေ့မှာတင် ၀ဋ်လည်တယ်ဆိုတာ ဒါမျိုးတွေကို ပြောတာပါ။ မိတ်ဆွေတို့ ကြုံဖူး ကြားဖူးကြ မှာပါ။ ဒါတွေကို မြင်တတ်အောင် ကြည့်သင့်ပါတယ်။ ဥပမာယူသင့်ပါတယ်။ ဘာလုပ်လုပ် သူ့ နေရာမှာငါသာဆိုရင် ဆိုတဲ့ စိတ်ကိုအမြဲမွေးသင့်ပါတယ်။ ဒါမှလဲလောကကြီးမှာ ဗြဟ္မစိုရ် ၄ပါး ဖြစ်တဲ့  မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ တို့ ထွန်းကားပြီး သာယာပြည့်စုံ မှာဖြစ်ပါတယ်။

တရားထူးမရလို့  အရိယာယ် ပုဂ္ဂိုလ် မဖြစ်နိုင်သေးရင်တောင် သူတော်ကောင်းတရားလေးတွေ ပွားများနိုင်ဖို့ လိုပါတယ်။ ဒါမှသာ ရောက်ရာဘ၀တိုင်းမှာ ပါရမီ တဖြည်းဖြည်းဖြည့်နေရာရောက်ပါမယ်။ အဲ့ကတဆင့် ပါရမီပြည့် လို့ ကိုကလဲ ကျင့်ကြံနိုင်မယ်ဆို အရိယာယ် ပုဂ္ဂိုလ်တောင်ဖြစ်နိုင်ပါသေးတယ်။ ဒါကြောင့် ကံကံ၏ အကျိုးကိုလဲ ယုံ၊ ၀ဋ်ဆိုတာလည် တတ်တဲ့သဘောတရားရှိ တယ်ဆိုတာလက်ခံတဲ့ လူကောင်းလူမွန် လူသူတော်ကောင်းများဖြစ်စေခြင်ကြောင်းပါ။

The essentials of a good teacher (by Nagamauk-Sawthara)






Ashin Nandasara
(Nagamauk-Sawthara)
M.U

Anyone has each of teachers teaching something after born in this world; otherwise, even though someone tells that I don’t have teacher in my life, indeed his parents are the teachers of him first of all. Hence, no one will be in this world without teacher. A person grown up under the instructing of good teacher who taught both as education and as any methods, is able to be a good pupil if trying better than others by bearing good moral character. If not, he may be a bad pupil. In this world there are two teacher, good teacher and bad teacher. Then, who are good teacher and bad teacher and what are the essentials of a good teacher? These simple questions would like to be asked by some of the peoples, and they want to know it. I would therefore love to present a story famous in Buddhism to compare good teacher and bad teacher. There was once the son of a Brahmin (the highest priestly caste in India) in court of King Pasenadi of Kosala, whose name was Ahimsaka. He was sent to Taxila(University) for his studies. Ahimsaka was intelligent and obedient to this teacher; therefore he was liked by both the teacher and his wife. This made the other pupils jealous of him. So they went to the teacher and falsely accused Ahimsaka of having an immoral relationship with the teacher’s wife. At first, he did not believe them, but after hearing it a number of times, he thought it was true and vowed to have revenge on Ahimsaka. He thought that to kill him would reflect badly on him. His rage prompted him to suggest the unthinkable to the young and innocent Ahimsaka. He told his pupil to kill a thousand human beings and to bring the right thumb of each as payment for teaching him. Of course the youngster will not even think of such thing, so he was banished from teacher’s house and returned to his parents.
When his father learned why Ahimsaka had been expelled, he became furious with his son, and would hear no reason. On that very day, with rain pouring down, he ordered Ahimsaka to leave the house. Ahimsaka went to his mother and asked her advice, but she could not go against the will of her husband. Next Ahimsaka went to the house of his betrothed (in accord with the ancient custom in India calling for betrothal of children long before their actual marriage), but when the family learned why Ahimsaka had been turned out of school, they drove him off. The shame, anger, fear, and despair of Ahimsaka drove him out of his mind. His suffering mind could only recollect the teacher’s order: to collect 1,000 human thumbs. And so he started killing, and as he killed, the thumbs he collected were hung on a tree, but as they were destroyed by crows and vultures, he later wore a garland of the fingers to keep track of the number. 0n account of this he came to be known as Angulimala (finger garland) and became the terror of the countryside. The king himself heard about the exploits of Angulimala, and he decided to capture him. When Mantani, Ahimsaka’s mother, heard about the king’s intention, she went to the forest in a desperate bid to save her son. By this time, the chain around the neck of Angulimala had 999 fingers in it, just one finger short of 1,000.
The Buddha( Bodh); learned of the mother’s attempt to dissuade her son from, and reflected that if he did not intervene, Angulimala, who was on the lookout for the last person to make up the 1,000, would see his mother and might kill her. In that case, he would have to suffer an even longer period for his evil kamma(deeds). Out of compassion, the Buddha left for the forest. Angulimala, after many sleepless days and nights, was very tired and near exhaustion. At the same time, he was very anxious to kill the last person to make up his full quota of 1,000 and so complete his task. He made up his mind to the first person he met. As he looked down from his mountain perch, he saw a woman on the road below. He wanted to fulfill his vow to complete the 1,000 thumbs, but as he approached, he saw it was his mother. At the same time, the Buddha was approaching, and Angulimala had just enough presence of mind to decide to kill the wandering monk instead of his mother. He set out after the Blessed One with his knife raised. But the Buddha kept moving ahead of him. Angulimala just could not catch up with him. Finally, he cried out, “O Bhikkhu(monk), stop, stop!” and the Enlightened One replied, “I have stopped. It is you who have not stopped.” Angulimala did not catch the significance of these words, so he asked, “O Bhikkhu (monk)! Why do you say that you have stopped while I have not?”
The Buddha replied, “I say that I have stopped because I have given up killing all beings. I have given up ill-treating all beings, and have established myself in universal love, patience, and knowledge through reflection. But you have not given up killing or ill-treating others and you are not yet established in universal love and patience. Hence, you are the one who has not stopped.” On hearing these words Angulimala was recalled to reality, and thought, these are the words of a wise man. This monk is so very wise and so very brave that he must be the leader of the monks. Indeed, he must be the Enlightened One himself! He must have come here specially to make me see the light. So thinking, he threw away his weapons and asked the Blessed One to admit to the Order of the bhikkhus, which the Buddha did. When the king and his men came to capture Angulimala, they found him at the monastery of the Buddha. Finding that Angulimala had given up his evil ways and become a bhikkhu, the king and his men agreed to leave him alone. During his stay at monastery, Angulimala ardently practiced meditation.
Angulimala had no peace of mind even in his solitary meditation he used to recall memories of his part and the pathetic cries of his unfortunate victims. As a result of his evil kamma(deeds), while seeking alms in the streets he would become a target of stray stones and sticks and he would return to the Jetavana monastery with broken head and blood flowing, cut and bruised, to be reminded by the Buddha: “My son Angulimala. You have done away with evil. Have patience. This is the effect of evil deeds you have committed in the existence. Your evil kamma(deeds) would have made suffer through innumerable existences had I not met you.” One morning while going on an alms round in Savatthi, Angulimala heard someone crying out in pain. When he came to know that a pregnant lady was having labor pains and facing difficulty to deliver child, he reflected, all worldly beings are subject to suffering. Moved by compassion, he reported the suffering of his poor woman to the Buddha who advised him to recite the following words of truth, which later came to be known as Angulimala Paritta. Going to the presence of the suffering woman, he sat on a seat separated from her by a screen, and uttered these words:
Sister, since the day I became an Arahant
I have not consciously destroyed
The life of any living beings.
By this truth, may you be well
And may your unborn child be well.
Instantly the woman delivered her child with case. Both mother and child were well and healthy. Even today many resort to this paritta. Angulimala liked living in solitude and in seclusion. Later he passed away peacefully. As an Arahant, he attained parinibbhana.
Other bhikkhus asked the Buddha where Angulimala was reborn, and when Blessed One replied, my son Angulimala has attained prinibbana, they could hardly believe it. So they asked whether it was possible that such a man who had in fact killed so many people could have attained parinibbana. To this question, the Buddha replied, “ Bhikkhus(monks) Angulimala had done much evil because he did not have good friends and a good teacher. But later, he bound good friends and a good teacher (Buddha) and with their help and good advice he became steadfast and mindful in practicing the Dhamma and meditation. Thus, his evil deeds have been overwhelmed by good kamma(deed) and his mind has been completely rid of all defilements.”
The Buddha said of Angulimala
“Whose evil deed is obscured by good,
he illumines this world like the moon freed from a cloud.”
The power of love and compassion are stronger than any evil, and are absolute conditions for awakening. We could realize the differences between a good teacher and a bad teacher by reading the story above.
We therefore need to meet with good teacher when studying education, other knowledge and so on. So as to be good for the characters, to be skillful in the art of many subjects’ teaching, to have the loving-kindness, volition and compassion on the pupils for teaching the arts very well, to indicate the good ways to any pupils by telling the good words and not to have the infidelities, are the essentials of a good teacher. A person in order to be a good teacher, is necessary to learn the education or knowledge from a good teacher who is able to teach many arts
Afterwards, wanting to be a good teacher, he should properly try hard that he may well be skilled in it more than others. If trying it without laziness and boring, he will definitely be a good teacher who can teach it to some persons clearly, having a lot of the knowledge of literature. In order to be a good teacher being good at the all of matters in practice and so as to able to discuss the social affairs, the education, the religious and the politics with some of scholars understood in subjects above, he must try more than others. Some persons not having the sympathy, the hobby and making a sacrifice, will not be a good teacher anyway. Anybody having a whish to be a good teacher, should understand the essentials of a good teacher. Similarly he who does not understand and study all of it, will not be a good teacher in the future. If being a good teacher, he has to be sufficient five kinds of teachers’ moral duties. The following are:
1. He teaches to be accomplished the arts to pupils.
2. He chastens the pupils.
3. He teaches the all arts to pupils.
4. He defends the dangers for pupils.
5. He sends off the pupils at suitable place.
He not knowing the essentials of a good teacher, not understanding the social affairs and the education, being jealous the richness of others and the development of pupils, hating the students very good at education, having no good mind (good nature) and good behavior, not being accorded with five kinds of teachers’ moral duties, and having no the realizations, is not a good teacher respected by people.
As if everyone is not able to be a The Buddha, every teacher may not be a good teacher too. It is very difficulty so as to be a good teacher even if there are many teachers in this world. But, we may be a good teacher if being obedient the duties and essentials of a good teacher. In the literature of Buddhist according to the teaching of Lord Buddha there are four kinds of teachers:
1. The teacher who administers the three refuges on the occasion of entering the order as a novice;
2. The teacher who recites the ritualistic sacred Pali texts, kammavaca, during one’s ordination ceremony;
3. The teacher who teaches one the Pitaka scriptures;
4. The teacher on whom one depends for good conduct.

In general, such as teachers in order to be a good teacher, are also necessary to be
complete the teachers’ moral duties and the essentials of a good teacher.

Nagamauk-Sawthara

ဖြူးဆရာတော်ဘ၀နတ်ထံပျံလွန်တော်မူခြင်း





ကျေးဇူးတော်ရှင် နိုင်ငံကျော်ဓမ္မကထိက ပြည်တွင်းပြည်ပသာသနာပြု ဖြူးဆရာတော် ဘဒ္ဒန္တနရပတိ သည် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ရှိ အာရှတော်ဝင်ဆေးကုခန်းတွငှ် ယနေ့ ( 24 Nov 2009 ) ရက်နေ့ ၊ မြန်မာစံတော်ချိန် နံနက် (၇)နာရီခန့်၌ ဘ၀နတ်ထံပျံလွန်တော်မူခဲ့ပြီဖြစ်ပါသည်...။

Monday, November 23, 2009

ထာဝရကုသိုလ် (၆) မျိုး



(၁) အာရာမရောပ ဒါန = ပန်းဥယျာဉ် ၊ သစ်သီး ဥယျာဉ် များကို လှူဒါန်းခြင်း။
(၂) ၀နရောပ ဒါန = အရိပ်ကောင်းသော သစ်ပင်များကို စိုက်ပျိုးလှူဒါန်းခြင်း။
(၃) သေတုကာရက ဒါန = တံတားခင်၍ လှူဒါန်းခြင်း။
(၄) ပပါ ဒါန = ရေအိုးစင်တည်၍ လှူဒါန်းခြင်း။
(၅)ဥဒပါန ဒါန = ရေတွင်း၊ ရေကန်တူး၍ လှူဒါန်းခြင်း။
(၆) ဥပဿဒါန = ဇရပ်၊ တန်ဆောင်း၊ ကျောင်း၊ ပြာသာဒ် လှူဒါန်းခြင်း။

ဤ ဒါန (၆) ပါး အနက် တစ်မျိုးမျိုး ကို လှူဒါန်းသူသည် နေ့ရော ညဉ့်ပါ အခါခပ်သိမ်း ကုသိုလ် တရားပွားများ၏။ သောလွန်သောအခါ နတ်ပြည်သို့ လားရောက်ရ၏။
သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်၌ မြတ်စွာဘုရား သီတင်းသုံး နေတော်မူစဉ် ညဉ့်သန်းခေါင်ယံ အချိန်ဝယ် နတ်သားတစ်ပါး မေးလျှောက်၏။
῝အရှင်ဂေါတမ.. အဘယ်သူတို့အား နေ့ရော ညဉ့်ပါ အခါခပ်သိမ်း ကောင်းမှုတိုးပွားပါသနည်း၊ အဘယ်သူတို့သည် တရား၌ တည်ကုန်ပါသနည်း၊ အဘယ်သူတို့သည် သီလနှင့်ပြည့်စုံပါကုန်သနည်း၊ အဘယ်သူတို့သည် နတ်ပြည်သို့ သွားကြရပါကုန်သနည်း῎
အို…နတ်သား၊ အကြင်သူတို့သည် သစ်သီးဥယျာဉ်၊ ပန်းဥယျာဉ်၊ အရိပ်ကောင်းသော သစ်ပင်များကို စိုက်ပျိုးလှူဒါန်းကြကုန်၏။ တံတားခင်းကြကုန်၏၊ ရေအိုးစင် တည်ခင်ကြကုန်၏၊ ရေတွင်း ရေကန်နှင့် နေရာကောင်းတို့ကို လှူဒါန်းကြကုန်၏။ ထိုသူတို့အား နေ့ရောညဉ့်ပါ အခါခပ်သိမ်း ကောင်းမှုတိုးပွား၏။ ထိုသူတို့သည်တရား၌ တည်ကုန်၏။အလေ့အထ စာရိတ္တ သီလနှင့် ပြည့်စုံကုန်၏။ ထိုသူတို့ သေလွန်သော် နတ်ပြည်သို့ သွားကုန်၏
ဟု မြတ်စွာဘုရား ဖြေကြားတော်မူ၏။
(သံ၊ ၁။ ၃၀-၃၁။ သံ၊ ဋ္ဌ၊ ၁။ ၈၃ )

အသိနှင့် ကိုယ်ကျင့်


{17.10.09,စင်္ကာပူနိုင်ငံ၊ Jayamangala Buddhist Vihara တွင် တရားဟောခဲ့စဉ်က}
အသိသည် အသိသာ၊ ကိုယ်ကျင့်မဟုတ်၊ သိတိုင်းမကျင့်လျှင် သိနေရုံဖြင့် အကျိုးမရ။ ကျမ်းစာတို့သည် သိအောင်သာ ညွှန်ပြနိုင်၏။ ကျင့်၍ မပေးနိုင်ကြ။ ယခုကာလ စာပေလိုက်စားသူ၊ အဆုံးအမ များများ ခံရသူတို့သည် အသိမနည်းလှချေ။ သို့သော် ထိုသိသူများတွင် အထိုက်အလျှောက် စောင့်စည်းသူ သတိထားသူကား အလွန်နည်းပါးလှ၏။ ထိုကဲ့သို့ လူစားတွေပေါများနေသော ဤလောကကြီးဝယ် လူကောင်းသူကောင်းများပင် စိတ်ထားကောင်းထားဖို့ ခက်ယဉ်းလေတော့သည်။
မှန်၏ – ဒါနပြုရာမှာပင် ပကာသနဒါနတွေ ပေါများရကာ ဒါနစစ်စစ် ပြုလုပ်လိုပါလျက် ပတ်ဝန်းကျင် အခြေအနေကြောင့် မိမိလည်း ပကာသနဒါနကိုသာ ပြုရသဖြင့် သူတောင်ကောင်းစစ်စစ်တို့၏ သွားရာလမ်းကြောင်းဖြစ်သော ဒါနပါရမီလမ်းကို ဖြောင့်တန်းအောင် မလိုက်နိုင်တော့။ ထိုပကာသနဒါနပြုသူများလည်း အကျိုးမရသောကြောင့် (ရသော်လည်း အကျိုးနည်း) ကိုသိကြ၏။ သို့သော် ဂုဏ်ပကာသန ကိုမက်သော တဏှာ၏ စနက်ကြောင့် သိပါလျက်နဲ့ မသိသူတို့၏ အလုပ်ကိုပင် လုပ်ကြရလေတော့သည်။
ကျားငစဉ်းလဲ အကြောင်း
ဟိတောပဒေသ၌ ကျားအိုကြီး စဉ်းလဲပုံကို ပုံဝတ္ထုလုပ်၍ ပြထားသည်မှာ အသိနှင့်ကိုယ်ကျင့် တခြားဆီဖြစ်၍ နေကြောင်းကို ထင်ရှားစေတော့သည်။ ကျားကြီးကား အတော်အိုပြီ။ ရှေးကလို သားကောင်များကို လျင်လျင်မြန်မြန် မဖမ်းနိုင်တော့ချေ။ သို့ဖြစ်၍ တနေ့သ၌ တောသွားတောလာ တို့ ကြားလောက်အောင် ဟစ်အော်သည်မှာ- “ အို- အိုခရီးသွားတို့ ဤရွှေလက်ကောက်ကို ယူလှည့်ပါကုန်” ထိုစကားကို ခရီးသွားတစ်ယောက်ကြား၍ အနားလာပြီးလျှင် ”ဘယ်မှာလဲ ရွှေလက်ကောက်” မေးသဖြင့် ကျားအိုကြီးက လက်ကိုဖြန့်၍ ရွှေလက်ကောက် ကို ပြလေသောအခါ ထိုခရီးသည်က “သူတပါးအသက်ကို သတ်ဖြတ်စားသောက်လေ့ရှိသော အသင်၏အနား၌ ဘယ်နှယ့်လုပ်ပီး အကျွမ်းတ၀င် ယူငင်ဝံ့ပါမည်လဲ” ဟုပြောလေသော် ကျားကြီးက ပြောသည်မှာ “ကျွန်ုပ်ငယ်ရွယ်စဉ်က တရားကို နားမလည်၍ သူများကို သတ်ဖြတ်ခဲ့သည်။ ထိုသို့ သူများကို သတ်မိခဲ့၍ ကာလ၀ိပါတ် နောက်ပိုးတက် သဖြင့် ကျွနု သားသမီးနှင့် မယားလည်းဆုံးလို့ သံဝေဂ ဖြစ်နေတုန်းမှာ သူတော်စင်နှင့် တွေ့၍ “ယနေ့ကစပြီး အလှူဒါနပြုလျက် တရားကျင့်လော့” ဟု သြ၀ါဒ ပေးခဲ့သောကြောင့် ထိုသြ၀ါဒအတိုင်း လိုက်နာနေထိုင်သူ ဖြစ်ပါတယ်။ ကျွန်ုပ်ရဲ့ လက်သည်းခြေသည်းနှင့် သွားများလည်း လျှောကျကုန်ပြီဖြစ်၍ အဘယ်မှာ ကြောက်ရွံ့စရာ ရှိပါတော့မည်လဲ။ ကျွန်ုပ်မှာ လောဘဆိုလို့ အလွန်နည်းပါးနေပါပြီ။ ကျွန်ုပ်၏ လက်မှာရှိနေသော ဤရွှေလက်ကောက်ကို တစ်စုံတစ်ယောက်အား ပေးချင်နေတာကိုကြည့်ပါတော့။ သည်တော့ကာ ကျွန်ုပ်က ဘယ်မှာ သင့်ကို သတ်ဖြတ်တော့မည်လဲ။ ကျွန်ုပ်ကြားဖူးသော တရားစုမှာလည်း “သူများမယားကို ကိုယ်၏မိခင်လို သဘောထား၍ သူများ ဥစ္စာကို ကျောက်ခဲသလဲများလို သဘောထားပြီးလျှင် သတ္တ၀ါဟူသမျှကို ကိုယ်နှင့်မခြားအောင် စိတ်ထားနိုင်မှ ပညာရှိသူတော်ကောင်း” ဟုမိန့်ဆိုချက်ရှိလေတော့ ကျွန်ုပ်လို တရားသိ သူတော်ကောင်း တစ်ယောက်က အဘယ်မှာ သူ့အသက်ကို သတ်ရက်တော့မှာလဲ။ သို့ဖြစ်၍ ဤရေအိုင်မှာ ရေဆင်းချိုးပြီး စင်စင်ကြယ်ကြယ်နှင့် ကျွန်ုပ် လက်ကောက်ကို အလှူခံပါ” ဟုပြောလေသော် – ထိုစကားကို ယုံကြည့်မိသော ခရီးသွားသည် ရေချိုရန် ဆင်းလျင်ဆင်းခြင်း ညွှန်၌ ကျွံလေ၏။ ထိုအခါ သူတော်စင်ကျားကြီးက “ ဟား..ဟား… ညွှန်ထဲ နစ်နေသကိုး ကျွန်ုပ် ဆယ်ပါ့မယ်” ဟုပြောပြောဆိုဆို အနားကပ်ကာ သတ်စားလေသည်။
ဤပုံဝတ္ထုကို ထောက်၍ အသိသည် အသိမျှသာဖြစ်ကြောင်း သိသလောက် ကိုယ်ကျင့်တရားမရှိလျှင် ကျကျနန ယုတ္တိယုတ္တာနှင့် စဉ်းလဲတတ်သဖြင့် မသိ၍ဆိုးရွားနေသူတို့ထက်ပင် ကြောက်ဖွယ် ကောင်းကြောင်း နားလည်ကာ ဤကျမ်းစားရှုသူတို့မှာ သိရုံနှင့် မပြီးကြပဲ သိသည့်အတိုင်း ကိုယ်ကျင့်ကောင်းသူချည်း ဖြစ်ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းလျက် ထပ်လောင်း၍ သတိပေးရပါသတည်း။
အရှင်ဇနကာဘိဝံသ

ဒါနက နိဗ္ဗာန် အထိ အကျိုးပေးနိုင်သလား



ဒါနက ‘လွတ်လွတ်စွန့်ကြဲခြင်း’ လက္ခဏာ ရှိတယ်။ လှူဖွယ် ၀တ္ထုမှာ တပ်မက်တွယ်တာတဲ့ လောဘကို ဖျတ်ဆီးခြင်းကိစ္စရသ နှင့် အပြစ်ကင်းခြင်း သမ္ပတ္တိရသရှိတယ်။
‘လွတ်လွတ်စွန့်ကြဲခြင်း’ နှင့် ‘လှူဖွယ်ဝတ္ထုမှာ တပ်မက် တွယ်တာတဲ့ လောဘကို ဖျတ်ဆီးခြင်း’ ဆိုတာ အလောဘတရား ဖြစ်တယ်။ ‘ အပြစ်ကင်းခြင်း ’ ဆိုတာက အဒေါသတရား
ဖြစ်တယ်။ အလောဘက လောဘရဲ့ ဆန့်ကျင့်ဘက်၊ မိမိပိုင်ဆိုင်တဲ့ ပစ္စည်းဝတ္ထုကို မစွန့်လွတ်၊ မလှူဒါန်းနိုင်အောင် ငြိကပ် တပ်မက်နေတဲ့ သဘောက လောဘ၊ မပေးရက်နိုင်အောင်
နှမြောတွန့် တိုနေတဲ့ သဘောက မစ္ဆရိယ၊ ထိုလောဘနှင့် မစ္ဆရိယ တို့ကို အလောဘဖြင့် တွန်းလှန်ဖယ်ရှား နိုင်မှသာ လှူဒါန်းနိုင်တယ်။ လောဘက ကာမဂုဏ် အာရုံတို့ကို
တပ်မက်တွယ်တာတဲ့ အတွက် တဏှာလို့လည်း အမည်ရတယ်။ ထိုတဏှာက မိမိဘ၀ကိုလည်း တပ်မက်တွယ်တာတယ်။ ထိုတဏှာကြောင့် ဘ၀တစ်ခုပြီးတစ်ခုဖြစ်ကာ ၀ဋ်ဆင်းရဲမှာ
သံသရာ ကျင်လည်နေရတယ်။ ဘ၀သစ်ဖြစ်ခြင်း ဟာ ဒုက္ခသစ္စာအမည်ရတဲ့ လောကီနာမ်တရားနဲ့ ရုပ်တရားတို့ ဖြစ်ပေါ်ခြင်းသာ ဖြစ်တယ်။ ဒါကြောင့် လောဘဟာ ဆင်းရဲဒုက္ခကို
ဖြစ်ပွားစေတတ်တဲ့ သမုဒယသဘောရှိတယ်။ ဒီသမုဒယသဘော ဟာ အမှန်တရားတစ်ရပ်ဖြစ်ခြင်းကြောင့် သမုဒယသစ္စာမည်တယ်။

သို့အတွက် သံသရာကျင်လည်နေရခြင်းရဲ့ အဓိကအကြောင်းအရင်းက လောဘတဏှာပဲ ဖြစ်တယ်။ လောဘကို အမြစ်ပြတ်ပယ်သတ်နိုင်ရင် သံသရာ ၀ဋ်ဆင်းရဲမှ လွတ်မြောက်ပြီး နိဗ္ဗာန်
ချမ်းသာကို ထာဝရ ခံစားရလိမ့်မယ်။ နိဗ္ဗာန်သို့ ပို့ဆောင်တတ်တဲ့ မဂ္ဂင်ရှစ်ပါး ကျင့်စဉ်တရားဆိုတာ လောဘကို ပယ်သတ်တဲ့ ကျင့်စဉ်ပဲ ဖြစ်ပါတယ်။ ၀ိပဿနာဘာဝနာရှုပွားတယ်ဆိုတာ
ရုပ်နာမ်တို့ရဲ့ အပြစ်ကို မြင်အောင်ရှုကာ ရုပ်နာမ်ကို ငြီးငွေ့ပြီး ရုပ်နာမ်ခန္ဓာအပေါ် တပ်မက်တွယ် တာ နေတဲ့ တဏှာလောဘကို ပယ်သတ်နိုင်အောင် ကြိုးစားအားထုတ်ရတဲ့
အလုပ်ဖြစ်တယ်။ ဒါနဆိုတာ မိမိပိုင်ဆိုင်တဲ့ ပြင်ပ၀တ္ထုပစ္စည်းများကို စွန့်လွတ်နိုင်ဖို့အတွက် ထိုပစ္စည်းဝတ္ထုတို့ကို တပ်မက်တွယ်တာနေတဲ့ တဏှာလောဘကို ချိုးနှိမ် ဖယ်ရှားရတဲ့
အလုပ်ဖြစ်တယ်။ တဖန် ဒါနက အပ၀တ္ထုပစ္စည်းများကို စွန့်လွတ်ခြင်း ဖြစ်တယ်။ နိဗ္ဗာန်က ရုပ်နာမ်ခန္ဓာကို စွန့်လွှတ်ခြင်း ဖြစ်တယ်။ အပ၀တ္ထုကလေးကိုမျှ မစွန့်လွတ်နိုင်ရင်
အသည်းနစ်အောင် ချစ်ခင်နေတဲ့ ရုပ်နာမ် ခန္ဓာကို ဘယ်လိုနည်းနဲ့မှာ စွန့်လွှတ်နိုင်မှာ မဟုတ်ဘူး။ ဒါန ၀ိုင်းကူ ပေးပါမှ ၀ိပဿနာ အလုပ်အောင်မြင်လိမ့်မယ်။ ဒါနမှာ
ဘာဝနာသဘောပါရှိသလို ဘာဝနာမှာ ဒါနသဘောပါရှိတယ်။ ထိုအတူပဲ ဒါနမှာ သီလသဘောပါဝင်ပြီး သီလမှာ ဒါန သဘောပါဝင်ပါတယ်။ ဒါနရဲ့ သမ္ပတ္တိရသဖြစ်တဲ့
“အပြစ်ကင်းခြင်းသဘော” ဟာ သီလသဘောပါပဲ။ ပြီးတော့ သူတစ်ပါးအသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်ခြင်းဟာ သူ့အသက်ကို ပေးလှူခြင်း “ဇီဝိတဒါန” ဖြစ်ပါတယ်။
သူတစ်ပါးဥစ္စာခိုးယူခြင်းမှ ရှောင်ကြဉ်ခြင်း၊ သူတစ်ပါးရဲ့ သားမယားကို ဖျတ်ဆီးခြင်းမှ ရှောင်ကြဉ်ခြင်း၊ သူတစ်ပါးတို့ကို လိမ်လည်လှည့်စားခြင်းမှ ရှောင်ကြဉ်ခြင်းတို့ဟာ သူတစ်ပါးတို့အား
ဘေးရန်ကင်းစွာ ကြောင့်ကြစိုးရိမ်မှုကင်းစွာ နေထိုင်နိုင်အောင် အကျိုးဆောင်ပေးရာ ရောက်လို့ “အဘယဒါန” အမည်ရတယ်။ ငါးပါးသီလကို “မဟာဒါန” လို့ခေါ်ပါတယ်။

ပေါင်းခြုံပြီးဆိုရရင် လောဘတဏှာကို ပယ်သတ်နိုင်အောင် ကုသိုလ်ကောင်းမှုပြုတိုင်း ဒါနသဘောလည်း ပါတယ်။ သီလသဘောလည်းပါတယ်။ ဘာဝနာသဘောလည်းပါတယ်။ ဒါန၊
သီလ၊ ဘာဝနာ တို့ကို ခွဲခွဲခြားခြားပြု၍မရ။ ဒါန၊ သီလ၊ ဘာဝနာ တို့ တစ်သားတည်း ပေါင်းစုနေမှ အားရှိတယ်။ သို့အတွက် မဂ္ဂင်ရှစ်ပါး ကျင့်စဉ်တရားဖြင့် နိဗ္ဗာန်ကို
မျက်မှောက်ပြုနိုင်အောင် ကြိုးစားအားထုတ်ရာမှာ ဒါနသဘော၊ ဒါနစွမ်းအင်၊ ဒါနအရှိအ၀ါ တို့လည်း ပါဝင်နေတယ် လို့ မှတ်ယူရပေမယ်။ သတ္တ၀ါတို့ သံသရာကျင်လည်ရာမှာ ဒါနမပါရင်
သုဂတိဘ၀ကောင်းကို ရဖို့မလွယ်။ ရပြန်ရင်လည်းပစ္စည်းဥစ္စာပြည့်စုံဖို့မလွယ်၊ ပစ္စည်း ဥစ္စာမပြည့်စုံတော့ စားဝတ်နေရေးအတွက် ရုန်းကန်နေရမှာမို့ ကုသိုလ်ရေးကို
မေ့လျော့နေတတ်တယ်။ မမေ့လျော့လို့ ကုသိုလ်ကောင်းမှု ပြုချင်ရင်လည်း စိတ်ရှိတိုင်းမလုပ်နိုင်။ “ အူမတောင့်မှ သီလစောင့်နိုင်တယ်” ဆိုတဲ့အတိုင်း မကြောင့်မကြ
မတောင့်မတနေနိုင်ပါမှ ဒါန သီလ ဘာဝနာ ကောင်းမှုတို့ကို အားရပါးရ လုပ်နိုင်ပေလိမ့်မယ်။

မြတ်စွာဘုရား၊ ပစ္စေကဗုဒ္ဓါ၊ မဂ္ဂသာဝက နှင့် မဟာသာဝက များဟာ ဒါနနဲ့ စတင်ကာ ပါရမီ ဖြည့်ခဲ့ကြတယ်။ အရှင်မဟာမောဂ္ဂလာန် လောင်းလျာက လွန်ခဲ့တဲ့ တစ်သင်္ချေနှင့်
ကမ္ဘာတစ်သိန်းထက်က မနောမဒဿီ ဘုရားနှင့် သံဃာနှစ်သိန်းကို ၇ ရက်ပတ်လုံး ဆွမ်းသင်္ကန်းများ ပေးလှူပြီး လက်ဝဲရံ အဂ္ဂသာဝက ဆုထူးကို ပန်ဆင်ကာဗျာဒိတ်ခံယူခဲ့ရတယ်။
ခေမာထေရီ လောင်းလျာနှင့် ဥပလ္လ၀ဏ်ထေရီ လောင်းလျာတို့ကလည်း ကမ္ဘာတစ်သိန်းထက်က ပဒုမ္မတ္တရမြတ်စွာဘုရားနှင့် သံဃာများကို ဆွမ်း အကြီးအကျယ် လှူဒါန်းပြီး ဘုရားရှင်ရဲ့
လက်ယာရံ၊ လက်ဝဲရံ အဂ္ဂသာဝိကာဆုထူးတို့ကို အသီးသီးပန်ဆင်ခဲ့ကြတယ်။ ဒီဒါနကုသိုလ်ကံတို့ရဲ့ အကြောင်း အထောက်အပံ့နဲ့ ဂေါတမ မြတ်စွာဘုရားလက်ထက်မှာ တရားနာရုံမျှနှင့်
သောတာပန် ဖြစ်ပြီး တရားရှုပွားတဲ့အခါမှာလည်း လွယ်လွယ်ကူကူနဲ့ ရဟန္တာ၊ ရဟန္တာထေရီများ ဖြစ်သွားကြပါတယ်။ ဒါနမဟပ္ပလသုတ် မှာ သမထ၀ိပဿနာစိတ်ရဲ့
အဆင်တန်ဆာဖြစ်အောင် အခြံအရံဖြစ်အောင် အထောက်အပံ့ဖြစ်အောင် ရုပ်နာမ် ခန္ဓာကို မငဲ့ကွက်ဘဲ ပေးလှူရင် အဲဒီအလှူဒါနဟာ ဘုံအားဖြင့် ဗြဟ္မာဘုံမအထိ ပုဂ္ဂိုလ်အားဖြင့်
အနာဂါမ်အထိ အကျိုးပေးနိုင်ကြောင်း မြတ်စွာဘုရားဟောထားပါတယ်။

ဒါနံ ဥဇုဂတံ မဂ္ဂံ

ဒါနဟာ နိဗ္ဗာန်သို့ ဖြောင့်ဖြောင့်သွားနိုင်တဲ့ ခရီလမ်းမှန်ဖြစ်တယ်။

ဒါနံ မောက္ခ ပဒံ ၀ရံ

ဒါနဟာ မဂ်ဖိုလ်နိဗ္ဗာန်၏ အကြောင်းစစ်အကြောင်းမှန်လည်း ဖြစ်တယ်။

ဤသို့ ဟောတော်မှုခဲ့တာနဲ့အညီ ဒါနဟာ နိဗ္ဗာန်အထိ အကျိုးပေးကြောင်း အလွန်ထင်ရှားပါတယ်။

မှတ်ချက်။ဒေါက်တာမင်းတင်မွန်၏ “အကောင်းဆုံးဘ၀လမ်းညွှန်မှု”စာအုပ်မှ။

Friday, November 20, 2009

အဓမ္မဝါဒီနှင့် ဓမ္မဝါဒီ



ရဟန်းတို့ ပရိသတ်တို့သည် ဤနှစ်မျိုးတို့တည်း။

အဘယ်နှစ်မျိုးတို့နည်းဟူမူ...

တရား မဟုတ်သည်ကို ဆိုလေ့ရှိသော 'အဓမ္မဝါဒီ' ပရိသတ် လည်းကောင်း၊
တရား ဟုတ်သည်ကို ဆိုလေ့ ရှိသော 'ဓမ္မဝါဒီ' ပရိသတ် လည်းကောင်းတို့တည်း။

ရဟန်းတို့...
တရားမဟုတ်သည်ကို ဆိုလေ့ရှိသော 'အဓမ္မဝါဒီ' ပရိသတ်ဟူသည် အဘယ်နည်း၊

ရဟန်းတို့ ဤသာသနာတော်ဝယ် အကြင် ပရိသတ်၌ ရဟန်းတို့သည် တရားနှင့် လျော်သော အဓိကရုဏ်းကို သော်လည်းကောင်း၊ တရားနှင့် မလျော်သော အဓိကရုဏ်းကိုသော် လည်းကောင်း ယူကုန်၏၊ ထိုရဟန်းတို့သည် ထိုအဓိကရုဏ်း ကို ယူ၍ အချင်းချင်း သိရှိနားလည်ရန်လည်း မပြောကြားကုန်၊ သိရှိနားလည်ရန် ပြောကြားခြင်းငှါလည်း မစည်းဝေးကုန်၊ နှစ်သိမ့်ကြေအေးရန်လည်း မပြုကုန်၊ နှစ်သိမ့်ကြေအေးရန် ပြုခြင်းငှါလည်း မစည်းဝေးကုန်။ ထိုရဟန်းတို့သည် သိရှိ နားလည်ရန် ပြောကြားခြင်း အင်အားမရှိကုန် နှစ်သိမ့်ကြေအေးရန် ပြုခြင်း အင်အားမရှိကုန် အဓိကရုဏ်းကို စွန့်ခြင်း၌ တိုင်ပင်ခြင်း မရှိကုန်မူ၍ ထိုအဓိကရုဏ်းကိုပင်လျှင် မှားသော မြင်ခြင်း၏ အစွမ်းအားဖြင့် လည်းကောင်း၊ မှားသော သုံးသပ်ခြင်းအားဖြင့် လည်းကောင်း သက်ဝင် စွဲလမ်း၍ ''ငါ့အယူသာ မှန်၏၊ တစ်ပါးသော အယူသည် အချည်းနှီးတည်း'' ဟု ပြောဆိုကုန်၏။ ရဟန်းတို့ ဤပရိသတ်ကို တရား မဟုတ်သည်ကို ဆိုလေ့ရှိသော 'အဓမ္မဝါဒီ' ပရိသတ် ဟူ၍ ဆိုအပ်၏။


ရဟန်းတို့ ...
တရား ဟုတ်သည်ကို ဆိုလေ့ရှိသော 'ဓမ္မဝါဒီ' ပရိသတ် ဟူသည် အဘယ်နည်း၊

ဤသာသနာတော်ဝယ် အကြင် ပရိသတ်၌ ရဟန်းတို့သည် တရားနှင့် လျော်သော အဓိကရုဏ်းကိုသော် လည်းကောင်း၊ တရားနှင့် မလျော်သော အဓိကရုဏ်းကို သော်လည်းကောင်း ယူကုန်၏။ ထိုရဟန်းတို့သည် ထိုအဓိကရုဏ်းကို ယူ၍ အချင်းချင်း သိရှိ နားလည်ရန်လည်း ပြောကြားကုန်၏၊ သိရှိ နားလည်ရန် ပြောကြားခြင်းငှါလည်း စည်းဝေးကုန်၏၊ နှစ်သိမ့် ကြေအေးရန်လည်း ပြုကုန်၏၊ နှစ်သိမ့် ကြေအေးရန် ပြုခြင်းငှါလည်း စည်းဝေးကုန်၏၊ ထိုရဟန်းတို့သည် သိရှိ နားလည်ရန် ပြောကြားခြင်း အင်အားရှိကုန်သည် နှစ်သိမ့်ကြေအေးရန် ပြုခြင်း အင်အားရှိကုန်သည် အဓိကရုဏ်းကို စွန့်ခြင်းငှါ တိုင်ပင်ခြင်း ရှိကုန်သည် ဖြစ်၍ ထိုအဓိကရုဏ်းကိုပင်လျှင် မှားသော မြင်ခြင်း၏ အစွမ်းအားဖြင့် လည်းကောင်း၊ မှားသော သုံးသပ်ခြင်းဖြင့် လည်းကောင်း သက်ဝင် စွဲလမ်း၍ ''ငါ့အယူသာ မှန်၏၊ တစ်ပါးသော အယူသည် အချည်းနှီးတည်း'' ဟု မပြောဆိုကုန်။ ရဟန်းတို့ ဤပရိသတ်ကို တရား ဟုတ်သည်ကို ဆိုလေ့ရှိသော 'ဓမ္မဝါဒီ' ပရိသတ် ဟူ၍ ဆိုအပ်၏။

ရဟန်းတို့ ပရိသတ်တို့သည် ဤနှစ်မျိုးတို့ပေတည်း။
ရဟန်းတို့ ဤနှစ်မျိုးသော ပရိသတ်တို့တွင် တရား ဟုတ်သည်ကို ဆိုလေ့ရှိသော အကြင် 'ဓမ္မဝါဒီ' ပရိသတ်သည် ရှိ၏၊ ထိုပရိသတ်သည် မြတ်ပေသတည်း ဟု မိန့်တော်မူ၏။ 52 (၁ဝ)

ပရိသဝဂ် မှ၊ ဒုကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။

ဥပုသ်သီလစောင့်တယ်ဆိုတာဘယ်လိုလဲ




ဥပုသ် ဆိုတာ ဥပေါသထ ဆိုတဲ့ ပါဠိမှလာပါတယ်။ (ဥပ + ၀သထ)၊ ဥပ- ကောင်းမြတ်သော အကျင့်များနှင့် ပြည့်စုံ၍၊ ၀သထ- နေထိုင်ခြင်း။ အကျင့်ကောင်းများနှင့် ပြည့်စုံစွာနေထိုင်တာကို “ဥပုသ်” လို့ခေါ်ပါတယ်။
ဥပုသ်စောင့်ပြီး ဘုရားဂုဏ်တွေ ရွတ်ဖတ်ပွားများကာ ဘုရားကို အာရုံပြုကြည်ညိုနေရင် “ဗြဟ္မဥပုသ်” လို့ခေါ် ပါတယ်။
*တရားဂုဏ်တော်တွေ ရွတ်ဖတ်ပွားများ အာရုံပြုနေရင် “ဓမ္မဥပုသ်” လို့ခေါ်ပါတယ်။*သံဃာဂုဏ်တော်တွေ ရွတ်ဖတ်ပွားများကာ အာရုံပြုနေရင် “သံဃာဥပုသ်” လို့ခေါ်ပါတယ်။
*မိမိသီလ စင်ကြယ်ပုံကို ပြန်လည်ဆင်ခြင်ပြီး မိမိသီလကို ၀မ်းမြောက်ဝမ်းသာဖြစ်ကာ နေထိုင်ခြင်းကို “သီလဥပုသ်” လို့ခေါ်ပါတယ်။
*မိမိနှင့် နတ်ပြည်ခြောက်ထပ်က နတ်တွေ သဒ္ဓါ၊ သီလ စတဲ့ သူတော်ကောင်းတရားတွေ တူညီပုံကို ဆင်ခြင်ပြီး ၀မ်းမြောက်ဝမ်းသာနဲ့ နေထိုင်ခြင်းကို “ဒေ၀တာဥပုသ်” လို့ခေါ်ပါတယ်။
*နွားကျောင်းသားဟာ ဒီနေ့ ငါ့နွားတွေ ဘယ်စားကျက်မှာ ကျက်စားကြတယ်။ မနက်ဖြန် ဘယ်စားကျက်ကို စားစေမယ် တွေးနေသလို ငါ ဥပုသ် စောင့်တဲ့အခါ ဘယ်လို ဟင်းကောင်း ထမင်းကောင်းတွေစားမယ် တွေးပြီး စောင့်တဲ့ဥပုသ် ကို “ဂေါပါလ = နွားကျောင်းသား ဥပုသ်” လို့ခေါ်ပါတယ်။
(ဆောင်ပုဒ်) မိမိ စိတ်မှာ စင်ကြယ်လာအောင် အင်္ဂါရှစ်တန် သီလခံ၍ ခြိုးခြံ အောင့်အည်း တဖြောင့်တည်းဖြင့်၊ စောင့်စည်း အားထုတ် တရားကုတ် ဥပုသ်စောင့် ဟုမှတ်။
ဥပုသ်စောင့်ပုံ အစီအစဉ်
* ၁။ နက်ဖြန် ဥပုသ်စောင့်မည်ဟု ကြံစည်သော သူတော်စင်သည် ဥပုသ်စောင့်သည့် အခိုက်၌ အိမ်မှုကိစ္စတွေကို ဆောင်ရွက်ခြင်းငှာ မလျော်သောကြောင့် ယနေ့ လိုအခါကပင် အိမ်မှုကိစ္စ များကို တာဝန်ရှိသမျှ ပြီးစီးအောင် စီမံထားရာ၏။
* ၂။ ချက်ပြုတ် ကျွေးမွေးမည့်သူ အဆင်သင့်ရှိလျှက် နက်ဖြန် မိမိစားဖို့ အတွက် ပြောပြ စီစဉ် ထားရာ၏။ (ဥပုသ်စောင့်ခိုက် ခါတိုင်းထက် ကောင်းကောင်း စားဖို့ ကား မစီမံသင့်)
* ၃။ ချက်ပြုတ် ကျွေးမွေးမည့်သူ မရှိလျှင် နက်ဖြန် ကိစ္စနည်းအောင် ပြီးစီကောင်းသော စားဖွယ် သောက်ဖွယ်များကို ပြီးစီးစေအောင် စီမံထားရာ၏။
* ၄။ နက်ဖြန် နံနက် အာရုဏ်တက်ချိန်ကပင် ကိုယ်လက်များကို စင်ကြယ်အောင် ပြု၍ စိတ်ကြည်လင်ရုံမျှ သန့် ရှင်သော အ၀တ်ကို ၀တ်ဆင်ရာ၏။
* ၅။ ပန်းပန်မှု နံ့ သာလိမ်းမှုနှင့် အထူးတလည် ပြင်ဆင်မှုကို မပြုရာ။
* ၆။ ထို့ နောက် ခပ်စောစောကပင် သီလဆောက်တည်ရာ၏၊ (သီလဆောက်တည်သောအခါ ပါဠိလို နားမလည်လျှင် မြန်မာလို ဆောက်တည်နိုင်ပါသည်၊ ရှစ်ပါးသီလ နှုတ်တက်မရလျှင် ကား ဘုရားပညတ်တော်မူအပ်သော ဥပုသ်သီလကို ဆောက်တည်ပါ၏ ဟုနှုတ်က မိမိဘာသာ ဆို၍လည်း ဆောက်တည်နိုင်၏)။
* ၇။ သီလဆောက်တည်ပြီးလျှင် ကျွေးမွေး လှူဒါန်းဖွယ်ရာ ကိစ္စရှိက ထိုကိစ္စကို ပြုလုပ်၍ မရှိက မိမိအတွက် သင့်တော်ရုံ စီမံ၍ စားသောက်ရာ၏။ (တစ်ထပ်သာမက ညစာမစားဘဲ နေနိုင် လောက်အောင်ပင် စားသောက်ခွင့်ရှိ၏)။
* ၈။ ကျွေးမွေး စားသောက်ပြီးလျှင် ကိုယ်လက် မစင်ကြယ်က ရေချိုးရာ၏၊ (ကိုယ်စင်ကြယ်မှ စိတ်ကြည်လင်၊ စိတ်ကြည်လင်မှ တရားကို အာရုံပြု၍ ကောင်းသည်)။
* ၉။ ထို့ နောက် မိမိတစ်ယောက်တည်း နေသင့်သူဖြစ်လျှင် တစ်ကိုယ်တည်းနေ၍ အဖော်နှင့် နေသင့်သူဖြစ်က သဘောတူ အဖော်နှင့်တကွ သင့်တော်သော ဆိတ်ငြိမ်ရာ ဌာန၌ ဗြဟ္မာဥပုသ်ကို စောင့်လိုလျှင် ဘုရားဂုဏ်တော်ကို အာရုံပြု၍ နေရာ၏)။
* ၁၀။ တာရှည်စွာ ဆင်ခြင်၍ မနေနိုင်လျှင် တရားစာကိုလည်း ကြည့်ရှု ရွတ်ဖတ်နေရာ၏၊ (ထိုင်၍ခြည်း နေရမည်ဟု မဆိုလို၊ လှဲကာ စင်္ကြံသွားကာ အမျိုးမျိုးမျှတ အောင်နေစေလို၏)။
* ၁၁။ နည်းလမ်းကျကျ ဟောပြောမည့်ပုဂ္ဂိုလ် ရှိလျှင် တရားနာရာ၏။
* ၁၂။ ညဥ့်အချိန်သို့ ရောက်သောအခါ မိမိ၏ သီလကို ပြန်၍ ဆင်ခြင်ပြီးလျှင် အရိယာ သူတော်ကောင်း ရဟန္တာ အပေါင်းနှင့် ယနေ့ အတွက် မိမိတူမျှပုံကို အောက်မေ့ရာ၏။
* ၁၃။ ရဟန္တာ အရှင်မြတ်တို့ သည် သူ့ အသက်ကို သတ်ခြင်း၊ သူ့ ဥစ္စာခိုးခြင်း၊ လောကီအာရုံ ကာမဂုဏ်တို့ မှ ရှောင်ကြဉ်၍ ညစာ စားမှု၊ ပန်းနံ့ သာစသည် လိမ်းကျံမှုများကို မပြုသကဲ့သို့  ငါသည်လည်း ယနေ့ အဖို့ ထိုအမှု အမျိုးမျိုးကို ရှောင်ကြဉ်သဖြင့် ရဟန္တာအရှင်မြတ်များနှင့် တူပေသည်တကား၊ ဟု မိမိကိုယ် အလွန်မြှောက်တင်ကာ ရဟန္တာယောင်္ကျား ရဟန္တာမိန်းမ စိတ်ကို ဖြစ်စေပြီးလျှင် ယခုလို အသက်ထက်ဆုံး စောင့်စည်းနေပါလျှင် မကြာခင် ဒုက္ခခပ်သိမ်း ငြိမ်းပေလိမ့်မည်ဟု ဆင်ခြင်ရာ၏။
* ၁၄။ နံနက် အာရုဏ်တက်၌ မိမိရည်မှန်းထားသော အချိန်စေ့သော အခါ အလိုအလျောက် ရှစ်ပါးသီလ မရှိတော့ဘဲ ငါးပါးသီလသာ ကျန်တော့သည်။ ( ယခုကာလ အချို့ အရပ်မှာလို ငါးပါးသီလ ယူကာ ဥပုသ်ချနေဖွယ် မလိုပါ)။ဤကားဥပုသ်စောင့်ပုံအစီအစဉ်တည်း။
ရှစ်ပါးသီလ ခံယူပုံ
ရှစ်ပါးသီလ မယူခင် အရင်ဆုံး သရဏဂုံဆောက်တည်ရပါတယ် …
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ။ (ဘုရား အားကိုးကွယ်ပါ၏)
ဓမ္မံ သရဏံ ဂစ္ဆာမိ ။(တရားအား ကိုးကွယ်ပါ၏)
သံဃံ သရဏံ ဂစ္ဆာမိ ။(သံဃာအား ကိုးကွယ်ပါ၏)
ဒုတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ။
ဒုတိယမ္ပိ ဓမ္မံ သရဏံ ဂစ္ဆာမိ ။
ဒုတိယမ္ပိ သံဃံ သရဏံ ဂစ္ဆာမိ ။
တတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ။
တတိယမ္ပိ ဓမ္မံ သရဏံ ဂစ္ဆာမိ ။
တတိယမ္ပိ သံဃံ သရဏံ ဂစ္ဆာမိ ။
အဲဒီနောက် ရှစ်ပါးသီလ တောင်းလို့ရပါပီ… ဘုန်းကြီးကျောင်းမသွားနိုင်သူများ က မိမိအိမ်ဘုရားစင်ရှေ့တွင်လည်းတောင်းခံနိုင်ပါတယ်….
အဟံဘန္တေ တိသရဏေနသဟ အထင်က သမ္ပနာကတံ ဥပေါသထသီလံ ဓမ္မံရာစာမိ အနိုဂဟံ ကတွာ သီလံဒေထ မေဘန္တေ။
ဒုတိယမ္ပိအဟံဘန္တေ တိသရဏေနသဟ အထင်က သမ္ပနာကတံ ဥပေါသထသီလံ ဓမ္မံရာစာမိ အနိုဂဟံ ကတွာ သီလံဒေထ မေဘန္တေ။
တတိယမ္ပိ အဟံဘန္တေ တိသရဏေနသဟ အထင်က သမ္ပနာကတံ ဥပေါသထသီလံ ဓမ္မံရာစာမိ အနိုဂဟံ ကတွာ သီလံဒေထ မေဘန္တေ။
၁)ပါဏာတိပါဏာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ
-သတ္တ၀ါတို့၏ အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်ပါ၏ ။
၂) အဒိန်နဒါနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ
-သူတပါး၏ ပစ္စည်းကို မတရားယူခြင်းမှ ရှောင်ကြဉ်ပါ၏ ။
၃)အဗြဟ္မစရိယာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ
-မမြတ်သော အကျင့်ကို ကျင့်ချင်းမှ ရှောင်ကြဉ်ပါ၏ ။
၎)သူရာမေရယ မဇ်ဇ ပမာဒဌာနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
-မူးယစ်မေ့လျော့စေတတ်သော အရက်သေစာတို့ကို သောက်စာခ်ြင်းမှ ရှောင်ကြဉ်ပါ၏ ။
၅)မုသာဝါဒါ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
-မမှန်သော စကားကိုပြောဆိုခြင်းမှ ရှောင်ကြဉ်ပါ၏ ။
၆)၀ိကာလ ဘောဇနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
-နေ့မွန်းလွဲသောအါမှ စရွေ့ နောက်တစ်နေ့ အာရုဏ်မတတ်မီအတွင်း စားသောက်ဖွယ်ရာတို့ကု စားသောက်ခြင်းမှ ရှောင်ကြဉ်ပါ၏ ။
၇)နစ္စ ၊ ဂီတ ၊ ၀ိသူက ၊ ဒသနာ ၊ မာလာဂန္ဓ ၊ ၀ိလေပန ၊ မဏ္ဍန ၊ ၀ိဘူသနဌာန ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
-ကခြင်း ၊ သီဆိုခြင်း ၊ တီးမှုတ်ခြင်း ၊ ပန်းပန်ခြင်း ၊ အမွှေးနံသာလိမ်းကျံ ရှူရှိုက်ခြင်း ၊ ပြင်ဆင်ချယ်သခြင်း တို့မှ ရှောင်ကြဉ်ပါ၏ ။
၈)ဥစ္စာသယန ၊ မဟာသယနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
-မြင့်မြတ်သော ၊ အလွန်ကောင်းမွန်ခမ်းနားသော အိပ်ယာနေရာတို့တွင် နေထိုင်အိပ်စက်ခြင်းမှ ရှောင်ကြဉ်
အရှင်နာယကာလင်္ကာရ ရေး—
(၁)ဥပုသ်(၃) မျိုးနဲ့ အကျိုးကျေးဇူး။
ဥပုသ် ဆိုတာ ပါဠိလို ဥပေါသထ ၊ တနည်း၊ ဥပ၀သထ = ကောင်းမြတ်သော အကျင့် ဖြင့် နေထိုင်ခြင်း ဖြစ်ပါတယ်။
ဥပုသ်ဆိုတာ တိကနိပါတ် အင်္ဂုတ္တရ အလို (၃) မျိုးရှိပါတယ်။ (၁) နိဂဏ္ဌဥပုသ် (၂) ဂေါပါလဥပုသ် (၃) အရိယာဥပုသ် တို့ဖြစ်ပါတယ်။
(က) နိဂဏ္ဌဥပုသ် ဆိုတာ …ငါသည် ကနေ့ယူဇနာ ၁၀၀ -အတွင်းရှိသော သတ္တ၀ါတို့ကိသာရှောင်မည်။၎င်းမှအပ ငါမရှောင်ဘူး လို့ ဆောက်တည်တဲ့ တိတ္ထိဥပုသ် မျိုးဖြစ်ပါတယ်။ အကျိုးမရှိ ဘူးဆိုပါတယ်။
(ခ) ဂေါပါလဥပုသ် ဆိုတာကတော့ နွားကျောင်းသားဟာ သူ့နွားတို့ကို စားကျက်အတွင်းမှ မထွက်ရအောင် စောင့်ရှောက်ရုံသာ စောင့်ရှောက်နေဘိသကဲ့သို့ သီလခံယူပြီး စားရန်၊သောက်ရန်၊စကားပြောရန်သာ ကြံစည်တယ်။ ရတနာ(၃)ပါးဂုဏ်ကျေးဇူးကို အာရုံမပြု၊အချိန်ကုန်အိမ်ပြန်ရန်မျှသာ ဖြစ်သဖြင့် အကျိုးမများလှ။
(ဂ) အရိယာဥပုသ် ဟူသည်မှာ ဥပုသ်သီလဆောက်တည်ပြီး တရားနာခြင်း ၊ ရတနာ(၃)ပါးဂုဏ်ကျေးဇူးကို အောက်မေ့စီးဖြန်းခြင်း ၊ မေတ္တာပွားခြင်း ၊ လှူဒါန်းခြင်း ၊ သမထ ထူထောင်ခြင်း ၊ ဘာဝနာပွားခြင်း ၊ တရားစကားကို ဆွေးနွေးဟောပြောခြင်း စသည်ဖြင့် ကုသိုလ်အာရုံစိတ်နဲ့ သာနေခြင်း မျိုးဖြစ်ပါတယ်။ အကျိုးကျေးဇူးအများဆုံးဖြစ်ပါတယ်။
ဒါ တိကနိပါတ် အင်္ဂုတ္တရ အလိုအရ အကျိုးကျေးဇူးကွာတယ်လို့ ဖြေရပါမယ်။ (ကျမ်းကိုး ဆရာတော် ရဝေနွယ် – ဘာသာရေးပြဿနာများ – ၅ )
(၂)ဥပုသ်နဲ့ အရုဏ်တက်ချိန် ။
ကမာရွတ်ရွာမဆရာတော်ဘုရားက အရုဏ်တက်ပုံနဲ့ နေ၀င်ပုံကို ဇယားဆွဲပေးထားပါတယ်။ (၁) တန်ခူး = ( ၅း၀၀ ) အရုဏ်တက် ။( ၆း၀၀ ) နေထွက် ၊ (၆း၀၀) နေ၀င် ။ (၂) ကဆုန် = (၄း၅၀ ) အရုဏ်တက် ။( ၅း၅၀) နေထွက် ၊ (၆း၁၀) နေ၀င် ။ (၃) နယုန် = ( ၄း၄၀ ) အရုဏ်တက် ။( ၅း၄၀) နေထွက် ၊ (၆း၂၀) နေ၀င် ။ (၄) ၀ါဆို = (၄း၃၀ ) အရုဏ်တက် ။( ၅း၃၀) နေထွက် ၊ (၆း၃၀) နေ၀င် ။ (၅) ၀ါခေါင် = ( ၄း၄၀ ) အရုဏ်တက် ။( ၅း၄၀) နေထွက် ၊ (၆း၂၀) နေ၀င် ။ (၆) တော်သလင်း = ( ၄း၅၀ ) အရုဏ်တက် ။( ၅း၅၀) နေထွက် ၊ (၆း၁၀) နေ၀င် ။ (၇) သီတင်းကျွတ် = ( ၅း၀၀ ) အရုဏ်တက် ။( ၆း၀၀) နေထွက် ၊ (၆း၀၀) နေ၀င် ။ (၈) တန်ဆောင်မုန်း= ( ၅း၁၀ ) အရုဏ်တက် ။( ၆း၁၀) နေထွက် ၊ (၅း၅၀) နေ၀င် ။ (၉) နတ်တော် = ( ၅း၂၀ ) အရုဏ်တက် ။( ၆း၂၀) နေထွက် ၊ (၅း၄၀) နေ၀င် ။ (၁၀) ပြာသို = ( ၅း၃၀ ) အရုဏ်တက် ။( ၆း၃၀) နေထွက် ၊ (၅း၃၀) နေ၀င် ။ (၁၁) တပို့တွဲ = ( ၅း၂၀ ) အရုဏ်တက် ။( ၆း၂၀) နေထွက် ၊ (၅း၄၀) နေ၀င် ။ (၁၂) တပေါင်း =( ၅း၁၀ ) အရုဏ်တက် ။( ၆း၁၀) နေထွက် ၊ (၅း၅၀) နေ၀င် ။
(ကျမ်းကိုး ဆရာတော် ရဝေနွယ် – ဘ၀တိုင်းဆုံချင်ပါသလား)
(၃) ဥပုသ်နဲ့ သီလယူပုံ (၂) မျိုး ။
ဥပုသ်မှာ သီလတစ်ပါးကျိုးတာနဲ့ ကျန်တာအားလုံး ကျိုး ၊ မကျိုးကတော့ အစသီလယူပုံ ၊ သီလပေးပုံပေါ်မှာ မူတည်ပါတယ် ။ သီလမှာ တစ်ပေါင်းတည်းယူနည်း ၊ တစ်ပါးချင်းယူနည်း ဆိုပြီး (၂) မျိုးရှိတယ်။ တစ်ပေါင်းတည်း ယူရင် တစ်ပါးကျိုးတာနဲ့ အားလုံးပျက်ကျိုးပါတယ်။ တစ်ပါးချင်း ယူခဲ့ရင်တော့ တစ်ပါးကျိုးတာနဲ့ အားလုံးမပျက်ကျိုးပါဘူး။ တစ်ပေါင်းတည်း ယူပုံက – အဟံ ဘန္တေ တိသရဏေနသဟ ပဉ္စသီလံ သမာဓိယာမိ အဋ္ဌ ဥပေါသထင်္ဂါနိ သမာဓိယာမိ (လယ်တီ ) ပဉ္စင်္ဂ သမန္နာဂတံ သီလံ သမာဓိယာမိ ( ဦးဗုဓ်)
ဒီပုံစံကို ဒီခေတ်မှာ ယူတာနည်းပါတယ်။ တရားပွဲကအချိန်သိပ်နည်းနေတာမျိုးမှာတော့ တရားဟောဆရာတော်က ဒါမျိုး တစ်ပေါင်းတည်းယူနည်းနဲ့ သီလပေးတတ်ပါတယ်။
တစ်ပါးစီယူတာကတော့ – ပါဏာတိပါတာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ …စသည် ကျွန်တော်တို့ ယူနေကြတဲ့ ပုံစံမျိုးပေါ့ . ဒါက တစ်ပါးကျိုးရင် ကျန်တာ မကျိုးပါဘူး။ (ကျမ်းကိုး ဆရာတော် ရဝေနွယ် – ဘ၀တိုင်းဆုံချင်ပါသလား)
(၄) မှန်ကန်စွာ ချိုးခြံကျင့်ကြံ ခြင်း ဟာ သူတော်ကောင်းတွေရဲ့ အကျင့်ဖြစ်ပါတယ်။ ဘာကို ချိုးခြံကျင့်ကြံမလဲဆိုတော့ အာရုံ (၅) ပါး (တစ်နည်း) အာရုံ (၆) ပါး နဲ့ ကာမဂုဏ်ခံစားမှုကို ချိုးခြံကျင့်ကြံရမှာ ဖြစ်ပါတယ်။နှိပ်စက်တဲ့ အထိဖြစ်သွားရင် တပ ခေါ် အစွန်းရောက်ကျင့်စဉ် ဖြစ်သွားပြန်တယ်။ ဒါကိုလည်း မြတ်စွာဘုရားက ဓမ္မစကြာတရားတော်မှာကို အစွန်း(၂)ပါးရှောင်ဖို့ ဟောထားတာ သတိထားမိမှာပါ။ ဥပုသ်(၈) ပါးသီလကို ပြန်ဆန်းစစ်ရင် ကာမေသုက ခွဲထွက်လာတာကို တွေ့ရလိမ့်မယ်။ ကာမေသု မိ စ္ဆာ စာရ ကံဟာ လောကပါလ တရားကို ဖျက်ဆီးတဲ့ တရားအပေါင်းမှာ အပြစ်အကြီးဆုံးတရားဖြစ်ပါတယ်။ ဒီကံ ဖောက်ထားသူအတွက် ဘယ်လောက်ပဲ ဘုန်းမီးနေလ တောက်ပနေစေကာမူ တစ်ခုသော အခါမှာ ဒီအကုသိုလ် အကျိုးကို ပြန်ခံရမယ် လို့ ဆိုတယ်။ သူများသားမယား ပြစ်မှားမှုကို သမုတိနယ်မှာ ကာမေသု မိစ္ဆာ လို့ ယူပေမယ့် ၊ ပရမတ္ထနယ်မှာတော့ ကာမေသုကို ကာမဂုဏ်တရား (၅)ပါး အဖြစ်ယူတယ်။ ရူပါရုံ ၊ သဒ္ဒါရုံ ၊ဂန္ဓာရုံ ၊ ရသာရုံ ၊ ဖောဋ္ဌဗ္ဗာရုံ တွေ ပါလာတယ်။ ပြင်ပ ဒီအာရုံတွေ က ဆွဲဆောင်တာကို ကိုယ့်မှာ ရှိတဲ့ ကိလေသာ က လက်ခံတယ် ။ ခံစားတယ် ဆိုရင် ကာမေသုပဲ ။ ဆွဲဆောင်နေဆဲမှာ ရပ်နေရင် ကာမေသု မဖြစ်သေးဘူး။ ပါသွားရင် သာ ကံမြောက်တယ်။ ဒါပေမယ့် ရှေးဆရာတွေက သားမယားစော်ကားခြင်းကို ပဲ လူတွေ စောင့်ဖို့ သတ်မှတ်ပေးလိုက်ပြီးတော့ ကျန်တာတွေကို သီလခွဲထုတ်လိုက်တယ်။ ဒါကြောင့်တို့ပြောနေတဲ့ (၈)ပါး နဲ့ (၁၀) ပါးမှာ အဗြဟ္မ စရိယာ နဲ့ မာလာ ဂန္ဓ …. စတဲ့ သီလတွေ ပွားလာတယ်။ ဒါတွေကို လေ့လာရင် ကာမဂုဏ်တရား (၅)ပါး ပဲ ပြန်ဖြစ်နေတာကို တွေ့ရပါမယ်။ တခြားထူးဆန်းတာတွေ မဟုတ်တော့ဘူး။ ကာမေသုအောက်က ခွဲထွက်သွားတာတွေဖြစ်နေကြတယ်။
ဥစ္စာသယန၊ မဟာသယနနဲ့ ပတ်သက်ပြီး လိုရင်းအဖြေကို ပြောရရင်တော့ အထိအတွေ့သာယာမှု ၊နှုးညံ့မှု ကာမဂုဏ်ကိုလည်းရှောင်မယ့် နေ့ဖြစ်တာမို့ မြင့်သောနေရာ ၊ မြတ်သောနေရာကနေ ဆင်းပြီး အိပ်သင့် နေသင့်ပါတယ်။ ဥစ္စာသယန၊ မဟာသယနဆိုတာက မြင့်သောနေရာ ၊ မြတ်သောနေရာမှာ လျောင်းစက်နေထိုင်ခြင်းမှ ရှောင်ကြဉ်ခြင်းဖြစ်ပါတယ် ။ ဒီနေရာမှာ နည်းနည်းမှတ်မိသလောက် အကျယ်ပြောရရင်တော့ အမြင့် တစ်တောင့်ထွာထက်ပိုတဲ့ အိပ်ရာ၊ခုတင်၊ညောင်စောင်း စသည် မြင့်တဲ့ နေရာတွေမှာ နေထိုင်ခြင်း ၊အိပ်ခြင်း ( ဥစ္စာသယန) နဲ့ မြတ်သောနေရာဆိုတာကတော့ သူဋ္ဌေးကြီးတွေ စည်းစိမ်ခံတတ်တဲ့ သားမွှေးအခင်းနဲ့ ထိုင်ခုံတွေ ၊ တိရ စ္ဆာ အရေတွေနဲ့ လုပ်ထားတဲ့ သားမွေး၊ သားရေ တွေနဲ့ ထိုင်ခုံတွေ ၊ နောက် ရွှေချည်၊ငွေချည် ၊ပိုးထာ အကောင်းစားစသည်များနဲ့ လဲ၊၀ါသွပ်သွင်းပြုလုပ်ထားတဲ့ ဂွမ်းကပ်၊မွေ့ယာ စသည်( မဟာသယန) တို့ ဖြစ်ပါတယ်။
တိုက်အပေါ်ထက်ကနေ မြင့်လို့ဆိုပြီး အောက်ထပ် ၊ (၀ါ) လမ်းပေါ် ဆင်းနေဖို့ မဟုတ်ပါဘူး။ဒီလိုသာဆို ဘုန်းကြီးတော်တော်များများ လမ်းပေါ်မှာပဲ နေရပါလိမ့်မယ်။ ရနိုင်နေတဲ့ စည်းစိမ်ချမ်းသာ ကိုတောင် မယူဘဲ ကိုယ့်မှာ ရှိနေတဲ့ တဏှာကို သတ်ခြင်းဟာ မြင့်မြတ်တဲ့အလုပ်ဖြစ်ပါတယ်။ ဒါကြောင့်ခြိုးခြံမှုကို ကျင့်ကြံကြပါတယ်။ဥစ္စာသယန၊ မဟာသယနဆိုတာက လဲ ဥပုသ်( ဥပေါသထ )၊ တနည်း၊ ဥပ၀သထ = ကောင်းမြတ်သော အကျင့် ဖြင့် နေထိုင်ခြင်းမှာ အကျုံးဝင်နေတာဖြစ်တဲ့အတွက် အထိအတွေ့ဖောဋ္ဌပ္ဖရုံ ကို ချိုးနှိမ်ခြင်းသာ လိုရင်းဖြစ်ပါတယ်။

ဆရာကြီး ဒေါက်တာမင်းတင်မွန်သည် စင်္ကာပူနိုင်ငံ Clementi Jayamangala Buddhist Vihara ၌ အဘိဓမ္မာ ၀ိသုဒ္ဓိမဂ် (ဒုတိယပိုင်း) ကို သင်ကြားပို့ချပေးမည်





အဘိဓမ္မာ ၀ိသုဒ္ဓိမဂ် (ဒုတိယပိုင်း)
ဆရာကြီး ဒေါက်တာမင်းတင်မွန်သည် စင်္ကာပူနိုင်ငံ Clementi Jayamangala Buddhist Vihara ၌ အဘိဓမ္မာ ၀ိသုဒ္ဓိမဂ် (ဒုတိယပိုင်း) ကို သင်ကြားပို့ချပေးမည်ဖြစ်ပါသဖြင့် ဓမ္မမိတ်ဆွေအပေါင်းတို့အား လေ့လာမှတ်သားနိုင်ရန် ဖိတ်ကြားအပ်ပါသည်။
နေ့ရက် ။¬¬¬¬ ။ 13-12-2009 မှ 20-12-2009 ထိ
(တနင်္ဂနွေနေ့) မှ (တနင်္ဂနွေနေ့) ထိ
အချိန် ။ ။ Monday to Friday (7 p.m ~ 9 p.m)
Saturday and Sunday (5 p.m ~ 9 p.m)
နေရာ ။ ။ Jayamangala Buddhist Vihara (Clementi ကျောင်းတိုက်)
23A, Jalan Mas Puteh, Pasir Panjang Gardens
Singapore 128 628
(Near Esso Station, West Cost Road)
လမ်းညွှန်။ ။
Clementi MRT အနီး NTUC ဘက် ကားမှတ်တိုင်မှ ကားနံပါတ် 78 / 285 ကိုစီးကာ ၂ မှတ်တိုင်မြောက်တွင်ဆင်းရန်။
Jurong East MRT မှ ကားနံပါတ် 51 / 243 စီးကာ West Cost Road ရှိ Esso Station နားကားမှတ်တိုင်တွင်ဆင်းရန်။
ဖြစ်မြောက်ရေးအဖွဲ့ 
Jayamangala Buddhist Vihara
Phone : 6778 1678
Mobile : 8123 0769

မေတ္တာအကြောင်းသိကောင်းစရာ




“မေတ္တာ” ဟူသော အမည်နာမဖြင့် စေတသိက် သီးခြား မရှိချေ။ ရှေ့၌ပြခဲ့သော အဒေါသ-စေတသိက် ကိုပင် သတ္တ၀ါများ၏ စီးပွားချမ်းသာ လိုလားချစ်ခင်ရာ၌ “မေတ္တာ” ဟုခေါ်ဝေါ်ရပေသည်။ ထို့ကြောင့် “မှတ်ယူချစ်ငြား – မေတ္တာပွား” ဟုဆိုခဲ့လေသည်။ သို့ဖြစ်၍ တစ်ယောက်ယောက် အပေါ်ဝယ် သူ၏အကျိုးစီးပွားကို လိုလားသော (ကြီးပွားအောင် စောင့်ရှောင့်ကူညီလိုသော) ချစ်ခင်မှုကို မေတ္တာဟုမှတ်ပါ။

မေတ္တာအတု

ဆွေချစ် မျိုးချစ် သမီးခင်ပွန်းချစ်စသော အချစ်များသည် တစ်ယောက်အကျိုး တစ်ယောက်လိုလားကြ၊ ကူညီစောင့်ရှောက်လို ထောက်ပံ့လိုကြ၏။ ထိုကဲ့သို့ ချစ်နေသူအပေါ်၌ “မေတ္တာရှိသည်” ဟုလည်း ပြောဆိုကြသည်။ သို့သော် ထိုအချစ်မျိုးမှာ မေတ္တာအစစ်မဟုတ်၊ လောဘခန်း၌ ပြခဲ့သော “ဂေဟဿိတ ပေမ = အိမ်၌မှီသော အချစ်” တည်း။

ရှေးတုန်းက ဒါယကာတစ်ယောက်သည် “မေတ္တာပွားသောအခါ မည်သူကစ၍ ပွားများရပါသနည်း” ဟု သူ၏ဆရာ့အထံ လျှောက်လေရာ၊ ဆရာက “မေတ္တာအရှိဆုံးသူကစ၍ ပွားများရမည်” ဟူမိန့်သဖြင့် ညဥ့်အခါ အိပ်ခန်းအပြင်၌ ထိုင်၍ သူ၏ဇနီးကို ရည်မှန်းလျက် မေတ္တာကမ္မဋ္ဌာန်း စီးဖြန်းလေလျင် ဇနီးအပေါ်၌ ချစ်ခင်မှု တိုးလာရကာ ချက်ချင်းထ၍ ဇနီးထံသွားလေသည်။ သို့သော် အတွင်းက မင်းတုပ်ထိုးထားသဖြင့် ၀င်ခွင့်မရသောကြောင့် နံရံကို ဦးခေါင်းနဲ့ဝှေ့ကာ မေတ္တာအကျိုးကို ခံစားနေရသတဲ့။ ထိုကြောင့် ထိုအချစ်မျိုးကို “ဂေဟဿိတပေမ” ဟုမှတ်ရမည်။

နွားမကြီး၏ မေတ္တာ

ထိုတဏှာပေမျိုးဖြင့် ချစ်ခင်နေသူ၏အပေါ်မှာ “မည်သည့်အခါမျှ မေတ္တာအစစ် ကုသိုလ်စိတ်မဖြစ်နိုင်” ဟုမဆိုထိုက်ပါ။ မကြာမကြာ မေတ္တာအစစ် ကုသိုလ်ဖြစ်သောအခါလည်း ရှိနိုင်ပါသည်။ ရှေးသောအခါ မိခင်နွားမကြီးသည် မေတ္တာအစစ်ဖြင့် သားငယ်နွားကလေးကို နို့ချိုတိုက်ကျွေးနေစဉ် မုဆိုးက လှံဖြင့်ထိုးသတ်လေရာ မေတ္တာတန်ခိုးကြောင့် လှံမစူးပဲ ထန်းရွက်ကဲ့သို့ ပျော့ကျသွားလေသတဲ့။ ဤသို့ဆိုလျှင် ဆွေမျိုးဉာတိ သားအမိ ဇနီးမောင်နှံတို့၏ အတွင်းမှာလည်း အချင်းချင်း မေတ္တာအစစ်များ ဖြစ်နိုင်ကြပေသည်။

သာမာဝတီ၏ မေတ္တာ

ကောသမ္ဗီပြည် ဥတေနမင်းဝယ် သာမာဝတီ၊ မဂဏ္ဍီ၊ ၀ါသုလဒတ္တဒေ၀ီ ဟု မိဖုရား ၃ ယောက် ရှိသည်။ သာမာဝတီသည် ရတနာသုံးပါးကို ကြည်ညို၏။ မဂဏ္ဍီကား မိဖုရားမဖြစ်ခင် အပျိုစဉ်ဘ၀ကပင် ဘုရားရှင်အပေါ် ရန်ငြိုးထားခဲ့သော ပုဏ္ဏေးမကလေးတည်။ ထို့ကြောင့် မာဂဏ္ဍီသည် သာမာဝတီအပေါ် အမြဲအပြစ်ရှာ၏။ သာမာဝတီကား မေတ္တာတရား အထူးပွားများနေသူဖြစ်သည်။ ဥတေနမင်းသည် မိဖုရား ၃ ယောက်တို့၏ အဆောင်ဝယ် တစ်လှည့်စီစံစားကာ စောင်းတီးဝါသနာပါသော ဘုရင်တစ်ဦးတည်း။

အခါတပါး၌ သာမာဝတီအထံ အဆောင်တော်ကူးရန် နီးလေသော် မဂပဏ္ဍီသည် သူ၏ဘထွေးထံ အဆိပ်ပြင်းသော မြွေကိုမှာ၍ အဆိပ်ကိုဖြေစေလျက် စောင်းခွက်အတွင်းသို့ သွားထားလေသည်။ ထို့နောက် အပေါက်ကို ပန်းကုံးဖြင့် ပိတ်ဆို့ထားပြီးမှ ဘုရင်ထံသွား၍ အိပ်မက်ရာမက် မကောင်းသောကြောင့် သာမာဝတီအဆောင်မကူးဖို့ရန် မိန်းမတို့ ပင်ကိုယ်ဉာဏ်ဖြင့် သံတော်ဦးတင်လေသော် ဘုရင်က ဂရုမစိုက်ဘဲ သာမာဝတီ၏ အဆောင်တော်သို့ ကူးသွားလေရာ၊ စိတ်မချသည့်ဟန်ဖြင့် နောက်က အတင်းလိုက်သွားလေသည်။

အဆောင်တော်ရောက်၍ ဆက်သသော ပွဲတော်တည်ပြီးနောက် သလွန်ပေါ်၌ လျောင်းသည့်အခါ မယောင်မလည်နှင့် သူပိတ်ဆို့ထားသော ပန်းကုံးကို နုတ်လိုက်လေသည်။ ထိုအခါ ထည့်ထားသော မြွေသည် အလွန်စိတ်ဆိုးနေရကာ ရှူးခနဲ့ ထွက်ခါ ဘုရင့်ဦးခေါင်းအနီးသို့ ရောက်လာလေသော် အလွန်ထိတ်လန့်စိုးရိမ်ဟန်ဖြင့် ရှင်ဘုရင်ကိုပြ၍ သာမာဝတီနှင့် မောင်းမတစ်စုကို ကြိမ်းမောင်းပြီးလျှင် ရှင်ဘုရင်ကိုလည်း သူ့စကားကို နားမထောင်သဖြင့် ယခုလိုဖြစ်ရသည်ဟု အပြစ်တင်လေသည်။

ဥတေနမင်းကား မာဂဏ္ဍီစီစဉ်သမျှကို လုံးဝနားမလည်ခြင်းကြောင့် လွန်စွာ ထိတ်လန့်၍ ရာဇမာန်ရှလေရကား “မင်းတို့မျက်စောင်း အကြောင်းမရွေး” တော့ဘဲ ကိုင်နေကြလေးကိုတင်ကာ သာမာဝတီတို့ အစုကို စီတန်းစေလျက် ပစ်ဖို့ရန် ကြိမ်းဝါးနေတုန်းမှာပင် သူတော်စင်ထိပ်ထားလေးက သူ၏ မောင်းမမိဿများကို သြ၀ါဒ ပေးသည်မှာ “အမိတို့ … မောင်တော်မင်းမြတ်နှင့် မာဂဏ္ဍီတို့ပေါ် အနည်းငယ်မျှ စိတ်မကွက်ကြလေနဲ့နော်။ ယခုလို အခါမျိုးမှာ မေတ္တာ မှတစ်ပါး အားကိုးရာ မရှိပေဘူး။ အမိတို့ ပွားများနေကျ ဖြစ်သော မေတ္တာကိုသာ မောင်တော်နှင့် မာဂဏ္ဍီတို့ အပေါ်မှာ ကြိုးစား၍ပွားများကြပါ။”

ဤသို့ တိုက်တွန်းလေလျှင် ပင်ကိုယဉ်ကျေးပြီးသော မောင်းမများဖြစ်သည့်အတွက် နီးကပ်လာသော အသက်ဘေးကို အရေးတကြီးမစဉ်းစားပဲ မေတ္တာကိုသာပွားများကြလေသည်။ ဥတေနမင်းကာ အမျက်မပြေနိုင်သေးသဖြင့် ချိန်ရွယ်ထားသော မြားကို တစ်အားကုန်လွှတ်လိုက်လေရာ မေတ္တာတန်ခိုးကြောင့် မြားအရှိန် ရှေ့မတိုးဘဲ ပစ်သူအထံမြားပြန်၍ ခလေသာ် ဥတေနမင်း သတိရ၍ မိဖုရားခြေရင်း၌ထိုင်ကာ သည်းခံဖို့ရန် တောင်းပန်ရှာလေသည်။

ဝတ္ထုမှတ်ချက်

မာဂဏ္ဍီမှာ သာမာဝတီ၏ အပေါ်၌ ကိုယ်ထက်သာ၍ မနာလိုသော ဣဿာစိတ်၊ ပရိယာယဉာဏ်ဆင်ရသော မာယာစိတ်၊ သေစေလိုသော ဒေါသစိတ်များဖြစ်၏။ ဥတေနမင်း၌ မြွေကို မြင်ရသည်ကစ၍ ဒေါသစိတ်မွှန်ကာ မြားပြန်လာသော အခါကျမှ လွန်စွာ ကြောက်ရွံ့သော ဒေါသ ဒေါမနဿစိတ်များ ဖြစ်ရပြန်လေသည်။ မောင်းမအများနှင့်တကွ သာမာဝတီထိပ်ထားကား ရန်သူ့အပေါ်၌ပင် မေတ္တာစိတ်ထားနိုင်ပေသည်။

နည်းယူဖွယ်

ယခုကာလ သူတော်ကောင်း အမြင့်တန်းကို မှန်းထားရင်း ရှိသူများမှာလည်း သာမာဝတီ ထိပ်ထား၏ ထုံးကို နှလုံးမူသွင်းလျက် မိမိအပေါ်မှာ မတော်မတရား ဣဿာမစ္ဆရိယများကို သူများကိုအတုံ့ပြန်၍ ရန်မမူမိစေပဲ မိမိစိတ်ကိုသာ ကောင်းသည့်ထက် ကောင်းအောင်ပြုပြင်ကြပါ။ အကျိုးဆောင်ခွင့်ကြုံလာလျှင် မိမိကိုမလိုလားသူ၏ အကျိုးကိုပင် စိတ်ပါလက်ပါဆောင်လျက် အဖိုးတန်လှစွာသော မေတ္တာလက်နက်ကို အချက်ကျကျ သုံးစွဲသင့်ပါသည်။ ထိုသို့ သုံးစွဲနိုင်မှသာလျှင် ပါရမီရှင်ဟု ထင်မြင်နိုင်ပါသည်။

(မေတ္တာသည် ရေနှင့်တူ၏၊ ဒေါသသည် မီးနှင့်တူ၏၊ ရေများလေ မီးငြိမ်းလေ။ ထိုကြောင့် ဒေါသနည်းအောင် မေတ္တာတိုးပွားဖို့ ကြိုးစားသင့်ကြပါသည်။)

အရှင်ဇနကာဘိဝံသ

Thursday, November 19, 2009

စိတ်ချမ်းသာအောင်ဘယ်လိုနေမလဲ..?


{14.10.09,စင်္ကာပူနိုင်ငံ၊ Jayamangala Buddhist Vihara တွင် တရားဟောခဲ့စဉ်က}

တစ်ခါတုန်းက ကဿပဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူတဲ့အခါ ကြွင်းကျန်တဲ့ ဓာတ်တော်တွေကို ဌာပနာပြီး ရွှေစေတီတည်ပါတယ်။ အရပ်လေးမျက်နှာက ပရိသတ်အပေါင်းကလည်း ပန်းနံ့သာတွေနဲ့ ရွှေစေတီကို ပူဇော်ကြပါတယ်။ ပန်းတွေနဲ့ ပူဇော်ပွဲမှာ မထင်ရှားတဲ့ အမျိုးသားလေး တစ်ယောက်လည်း ပါပါတယ်။
ပန်းပူဇော်တဲ့သူတွေ ပြန်သွားတဲ့အခါ အမျိုးသားငယ်က ပန်းတင်လှူထားတာတွေ မညီမညာဖြစ်နေတာတွေ့ ရတဲ့အတွက် ကြည့်လို့ကောင်းအောင် ပြုပြင်ပြီးပြန်ပူဇော်ပါတယ်။
ဒါတင်မကပါဘူး။ သူများလှူခဲ့တဲ့ပန်းတွေကို ပြန်ပြုပြင်ပြီး ပူဇော် ပြီး အဲဒီပူဇော်မှုကို ပဲ အာရုံပြုပြီး မြတ်စွာဘုရားရှင်ရဲ့ ဂုဏ်တော်တွေ ကို ပွားပါတယ်။ ဂုဏ်တော်ပွားတဲ့အခါ စိတ်ကကြည်ကြည်လင်လင် ဖြစ်လာပါတယ်။ ပြုထားတဲ့ကောင်းမှုကို နှလုံးသားထဲမှာ ထည့်ထား လိုက်ပါတယ်။
သက်တမ်းစေ့လို့ကွယ်လွန်တဲ့အခါ မညီမညာဖြစ်နေတဲ့ ပန်းတွေ ကို ပြန်ပြုပြင်ပြီး ပူဇော်ခဲ့ရတဲ့ ကုသိုလ်ကံကြောင့် တာဝတိံသာနတ် ပြည်မှာ သုနိက္ခိတ္တနတ်သားရယ်လို့ ဖြစ်ရပါတယ်။ မြန်မာလိုပြောရင် တော့ “ကောင်းကောင်းထား”ပါ။ တန်ခိုးအာနုဘော်ကြီးသလို အခြံအရံ တွေလည်းများစွာရပါတယ်တဲ့။
ဂေါတမမြတ်စွာဘုရားရှင် ပွင့်တော်မူတဲ့အခါ ရှင်မဟာမောဂ္ဂ လာန် မထေရ်မြတ် တာဝတိံသာနတ်ပြည်ကို ရောက်လာပြီး ဘယ်လိုကုသိုလ်တွေပြုခဲ့လို့ ဒီစည်းစိမ်တွေရတာလဲလို့ ကောင်း
ကောင်းထားနတ်သားကို မေးတော်မူပါတယ်။
ဒါတော့နတ်သားက ”တပည့်တော်ဟာ ရွှေစေတီမှာ ဖရိုဖရဲ မညီမညာ တင်ထားတဲ့ပန်းတွေကို ကြည့်လို့ကောင်းအောင် ကြည်ညို ဖွယ်ဖြစ်အောင် ပြန်ပြုပြင်ပြီး ပူဇော်ခဲ့ပါတယ်ဘုရား။ အဲဒီကုသိုလ် ကြောင့် ဒီနတ်စည်းစိမ်တွေကို ခံစားနေရတာပါဘုရား” လို့ ပြန် လျှောက်ပြပါတယ်။
အရှင်မဟာမောဂ္ဂလာန်က လူ့ ပြည်ပြန်ရောက်တဲ့အခါ ဒီအ ကြောင်းကို မြတ်စွာဘုရားကို ပြန်လျှောက်ကြပါတယ်။ မြတ်စွာဘုရား ရှင်ကလည်း ဒီအကြောင်းကိုပဲ လူပရိတ်သတ်ကို ပြန်ဟောပြပေးတော် မူပါတယ်။
မြတ်စွာဘုရားရဲ့ တရားကို နားကြားရတဲ့ ပရိတ်သတ်တွေဟာ သုနိက္ခိတ္တနတ်သားကို အားကျပြီး “ ငါတို့လည်း သုနိက္ခိတ္တနတ်သား လို ပိုက်ဆံကုန်စရာမလိုဘဲ သူများလှူတဲ့ပန်းကို ကြည်ညိုဘွယ်ဖြစ် အောင်ပြန်ပြုပြင်ပူဇော်ရင် နတ်စည်းစိမ်ကို ရလိမ့်မယ်” လို့ နှလုံးသွင်း ပြီး စေတီတော်ကို ရောက်တဲ့အခါ သူများတင်လှူပြီးသားပန်းတွေကို ကြည်ညိုဘွယ်ဖြစ်အောင် ပြုပြင်ပြီး ပြန်ပူဇော်ကြပါတယ်။ အဲဒီကုသိုလ် ကြောင့်ပဲ သူတို့လည်း နတ်ပြည်ရောက်ကြရပါတယ်တဲ့။
……. (၀ိမာန၀တ္ထုအဋ္ဌကထာ၊ သုနိက္ခိတ္တ၀တ္ထု)
ရောက်တဲ့အရပ်မှာ ကိုယ့်ကိုယ်ကိုယ် ကုသိုလ်ဖြစ်အောင် လုပ်တတ်လိုက်ပုံလေးကို သဘောကျလို့ ဒီဝတ္ထုလေးကို ထုတ်ပြလိုက် တာပါ။
ပင်ကိုအားဖြင့် သူ့ ရဲ့စိတ်ကလေးကကို မှန်နေလို့ပါ။ ပန်းတွေပြု ပြင်နေတဲ့အချိန်မှာ ပန်းပိုင်ရှင်တွေကို အပြစ်တင်တဲ့ စိတ်လည်းရှိမနေ ခဲ့ပါဘူး။ လူငယ်စကားနဲ့ ပြောရရင် ဆရာကြီးလုပ်ချင် တဲ့စိတ်ရှိမနေ ခဲ့ပါဘူး။ တကယ့်ကို စိတ်ထားဖြူဖြူလေးနဲ့ လုပ်ခဲ့တာပါ။ ပြီးတော့ ပိုက် ဆံလည်းမကုန်ခဲ့ပါဘူး။ ကုသိုလ်များရချင်တဲ့သူအတွက်တော့ အမြဲကို လွယ်နေတော့တာပါ။
စေတီကနေ အိမ်ပြန်လာတဲ့အခါ သူ့ ရဲ့ခြေလှမ်းတိုင်းမှာ ဘယ် လောက်စိတ်ချမ်းသာနေမယ်ဆိုတာ တွေးကြည့်တဲ့သူတောင် စိတ်ချမ်း သာရတာပါ။
စာရေးသူကစိတ်ချမ်းသာအောင်နေတဲ့သူဆို သိပ်အားကျတာပါ။
စိတ်ချမ်းသာအောင် ဘယ်လိုနေမလဲ…?။
တချို့ ကျတော့ စိတ်ချမ်းသာကြပါတယ်။ တချို့ ကျတော့ စိတ်မ ချမ်းသာကြပါဘူး။
အဖြေကတော့ တိုတိုပါပဲ။
ကိုယ့်ရင်ထဲမှာ အကုသိုလ်စိတ်တွေ ကိန်းနေရင် စိတ်ဆင်းရဲ ရပါတယ်။
ကိုယ့်ရင်ထဲမှာ ကုသိုလ်စိတ်တွေ ကိန်းနေရင် စိတ်ချမ်းသာရပါ တယ်။
တစ်ခါတလေ စိတ်ချမ်းသာနေပြီဆိုရင် ကိုယ့်ရင်ထဲကို ပြန်အာရုံ ကြည့်လိုက်ပါ။ ကုသိုလ်စိတ်တွေကိန်းနေတာ တွေ့ ရပါလိမ့်မယ်။ ဒါနနဲ့ ယှဉ်တဲ့ကုသိုလ်ပဲ ဖြစ်ဖြစ်၊ ဝေယျာဝစ္စပရဟိတနဲ့ယှဉ်တဲ့ ကုသိုလ်ပဲဖြစ် ဖြစ် ကုသိုလ်တစ်ခုခုကိန်းနေလို့ပါ။
ဒီလိုပါပဲ။ စိတ်ဆင်းရဲနေရပြီဆိုရင်လည်း အကုသိုလ်စိတ်တစ်ခုခု ကိန်းနေလို့ပါ။ ဒေါသပဲဖြစ်ဖြစ်၊ ဣဿာမစ္ဆရိယပဲဖြစ်ဖြစ် အကုသိုလ် စိတ်တစ်ခုခုဝင်နေတာ တွေ့ ရပါလိမ့်မယ်။
တကယ်လို့ စိတ်ဆင်းရဲနေလို့ ကိုယ့်ရင်ထဲကို သတိနဲပြန်ကြည့် လို့ အကုသိုလ်စိတ်တစ်ခုခု ကိန်းနေတာ တွေ့ရရင် “ ဒီအကုသိုလ် စိတ်ကလေးကြောင့် ငါစိတ်ဆင်းရဲနေတာပဲ” ဆိုပြီး ဆင်ခြင်လိုက်ပါ။ ပြီးရင် ကိုယ်ကြိုက်တဲ့ ဣရိယာပုထ်နဲ့ သေချာထိုင်ပြီး ကိုယ့်ရင်ထဲက အကုသိုလ်စိတ်ကလေးကို စိတ်နဲ့ပဲ ပြန်ကြည့်နေလိုက်ပါ။ ဖြစ်နေတဲ့ အကုသိုလ်စိတ်ကလေးကို စိတ်နဲ့ပဲပြန်သိနေလိုက်ပါ။ တစ်မိနစ်ပဲဖြစ် ဖြစ်၊ နှစ်မိနှစ်ပဲဖြစ်ဖြစ်၊ သုံးမိနစ်ပဲဖြစ်ဖြစ် ငါးမိနစ်-ဆယ်မိနစ်ပဲဖြစ်ဖြစ် အချိန်ကလေး ယူပြီး ကိုယ့်ရင်ထဲမှာ ဖြစ်နေတဲ့ စိတ်ကလေးကို သတိ ကပ်ပြီး သိနေလိုက်ပါ။
သိပါ သိပါများလာရင် ထွက်သွားပါလိမ့်မယ်။ တစ်ခုတော့ရှိပါ တယ်။ ကိုယ်ရင်ထဲရောက်နေတဲ့ အကုသိုလ်က သိပ်ပြီးကြီူးနေရင် တော့ အချိန်ကလေးတော့ ယူပေးရပါမယ်။
သိပါ များများလာရင်တော့ တဖြည်းဖြည်း လျော့လျော့သွားပါ လိမ့်မယ်။
ဒါက စိတ္တာနုပဿနာခေါ်တဲ့ ၀ိပဿနာနဲ့ အဆင့်မြင့်မြင့် ပယ် ထုတ်ပစ်လိုက်တာပါ။
ကိုယ့်ရင်ထဲမှာ အကုသိုလ်စိတ်တစ်ခုဝင်လာရင် အဲဒီအကုသိုလ် စိတ်ကို ဉာဏ်နဲ့စိုက်ကြည့်တဲ့အလုပ်ကို သေချာ ထုံထားလိုက်ပါ။ ကြာ လာရင် ကိုယ်မျှော်လင့်တဲ့ စိတ်ချမ်းသာမှုလေးတွေ ရောက်လာပါလိမ့် မယ်။
ကိုယ်က ၀ိပဿနာနဲ့ အဆင့်မြင့်မြင့် မပယ်နိုင်သေးဘူးဆိုရင် တော့ ဖြစ်နေတဲ့ အကုသိုလ်ကလေးကိုပဲ စိုက်ကြည့်ပြီး “ အကုသိုလ် ဆိုတာ မကောင်းဘူး၊ စိတ်ကိုလည်းပူလောင်စေတယ်၊ ရုပ်ကိုလည်း ပူလောင်စေတယ်” လို့ထပ်ကာထပ်ကာလေး ဆင်ခြင်ပေးနေလိုက်ပါ။ ကိုယ့်ရဲ့ဆင်ခြင်မှုကို အသိဉာဏ်က လက်ခံသွားပြီဆိုရင် ဖြစ်နေတဲ့ အကုသိုလ်လေးက ထွက်သွားတာများတယ်။
ဆင်ခြင်ပေမယ့် အသိဉာဏ်ပိုင်းက လက်မခံသေးဘူးဆိုရင်တော့ အကုသိုလ်က မထွက်သေးပါဘူး။ ဆင်ခြင်မှုတွေများလာတဲ့အခါ အသိ ဉာဏ်ပိုင်းက လက်ခံသွားတဲ့အခါမှာတော့ အကုသိုလ်လေးက မနေ၀ံ့ တော့ပါဘူး။ ထွက်ကိုထွက်သွားရတော့တာပါ။
ဆင်ခြင်တဲ့နေရာမှာ “ ဘယ်သူတွေ ဘယ်တုန်းက ဘယ်လိုပြုခဲ့ လို့ ဘယ်လိုဆိုးကျိုးတွေပေးသွားတာ” စသည်ဖြင့် ကိုယ်လက်တွေ့
တွေ့မြင်ခဲ့ရတာလေးတွေနဲ့ယှဉ်ပြီး အကုသိုလ်ရဲ့အကျိုးအပြစ်ကလေး တွေကို ပေါ်နိုင်သမျှ ပေါ်အောင်ပုံဖော်ပြီး ကိုယ်ဆင်ခြင်တတ်သလို ဆင်ခြင်လို့လည်းရပါတယ်။ ဒါမှမဟုတ် ကိုယ်ကြားဖူးထားတဲ့ အကုသိုလ် ဆိုးကျိုးဝတ္ထုဇာတ်လမ်းတွေကို အာရုံပြုပြီး ဆင်ခြင်လို့လည်းရပါတယ်။
အဓိကကတော့ ဒီအကုသိုလ်စိတ်ကလေးကြောင့် ကိုယ်စိတ် ဆင်းရဲနေရတယ်ဆိုတာ သေချာသိထားဖို့ပါပဲ။
သိထားပြီး ကိုယ်တိုင်ကလည်း ဒီအကုသိုလ်စိတ်ကလေးကို မလို လားဘူးဆိုရင် ဆင်ခြင်ပြီးပဲ ပယ်ပယ်၊ ၀ိပဿနာမှတ်ပြီးပဲ ပယ်ပယ် ပယ်လို့လွယ်သွားတာများပါတယ်။
တစ်ခုတော့ရှိပါတယ်။ အကုသိုလ်ပယ်ပုံနဲ့ ပတ်သတ်လို့ အလေ့ အထုံနည်းနေသေးတယ်ဆိုရင်တော့ သူများထက်ပိုပြီး ထပ်ကာ ထပ် ကာလေး ဆင်ခြင် ဆင်ခြင် သိသိပေးနေရပါမယ်။ အလေ့အကျင့်လုပ် ပါများလာရင် အလုပ်က သင်သွားတာများပါတယ်။
ဆင်ခြင်လို့ သိလို့ အကုသိုလ်လေးထွက်သွားတဲ့အခါ နောက် ထပ် ဘာဆက်လုပ်ရမလဲဆိုတော့ ကိုယ်ရင်ထဲမှာ ကုသိုလ်စိတ် ကလေးတစ်ခု ရောက်လာအောင် လုပ်ရပါတယ်။ အလွယ်ဆုံးနည်း ကတော့ အရဟံဂုဏ်တော်လေးကို ထပ်ကာထပ်ကာ ပွားနေလိုက်မယ် ဆိုရင်လည်း အလွယ်တကူ ကုသိုလ်စိတ်ကလေး ၀င်လာတာပါ။
အရဟံ =ပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်စွာဘုရား။
အရဟံ =ကိလေသာ ကင်းတော်မူသော မြတ်စွာဘုရား။
အရဟံ =စိတ်ကွယ်ရာအရပ်၌ပင် မကောင်းမှုကို ပြုတော်မမူ သောမြတ်စွာဘုရားလို့ ထပ်ကာ ထပ်ကာလေးပွားနေလိုက်ပါ။
ဒါမှမဟုတ် အိမ်မှာရှိတဲ့ ဘုရားကို ရေကပ်တာ၊ ပန်းကပ်တာတွေ လုပ်လိုက်ရင်လည်း ရပါတယ်။
လက်တွေ့အသုံးချကြည့်လို့ ကိုယ်မျှော်လင့်သလို ဖြစ်သွားပြီဆို ရင် သိပ်ပျော်ရတာပါ။ နောင်အကုသိုလ်စိတ်ကလေး ၀င်လာလို့ စိတ် ဆင်းရဲနေရတဲ့အခါ ပယ်ထုတ်ရမှာဝန်မလေးတော့ပါဘူး။
ဝင်လာတဲ့ အကုသိုလ်ကို ပယ်နည်းတွေက စာမှာအများကြီးရှိနေ တာပါ။ နည်းအများကြီးထဲက ကိုယ့်အတွက်လွယ်တဲ့ နှစ်နည်းလောက် ကိုလက်ကိုင်ထားလိုက်ရင် ရပါပြီ။ အကုသိုလ်ဝင်လာတဲ့အခါ ကိုယ့်အ တွက်လွယ်တဲ့ ကိုယ်လက်ကိုင်ထားတဲ့နည်းနဲ့ ပယ်ပယ် ထုတ်ထုတ် သွားဖို့ပါပဲ။ ၀င်လာတဲ့ အကုသိုလ်ကို မပယ်ဘဲမခွာဘဲ ဒီအတိုင်းထား လိုက်ရင်အကုသိုလ်က တိုးတိုးပွားပွား လာတာများပါတယ်။ ကိုယ့်ရင် ထဲမှာ အကုသိုလ်တိုးလေ တိုးတိုးပြီး စိတ်ဆင်းရဲရလေလေပါပဲ။
လူတစ်ယောက်ရဲ့ ဘ၀မှာ ကုသိုလ်နဲ့ အကုသိုလ်မှာ အကုသိုလ် မဖြစ်ဖို့က ပထမဦးစားပေးပါ။ ကုသိုလ်ဖြစ်ဖို့က ဒုတိယဦးစားပေးပါ။ ဆိုလိုတာက ကုသိုလ်မဖြစ်ရင် နေပါစေ၊ အကုသိုလ်မဖြစ်အောင်တော့ အထူးစောင့်ထိန်းရမှာပါ။
အကုသိုလ်စိတ်ဖြစ်တဲ့အခါ စိတ်ဆင်းရဲရပါတယ်။
ကုသိုလ်စိတ်ဖြစ်တဲ့အခါ စိတ်ချမ်းသာရပါတယ်။
ဒီတော့ အကုသိုလ်စိတ်ဖြစ်ရခြင်းရဲ့ အကြောင်းရင်းက ဘာလဲ၊ ကုသိုလ်စိတ်ဖြစ်ရခြင်းရဲ့ အကြောင်းရင်းက ဘာလဲ။
စာပေအရပြောရရင်တော့ အယောနိသော မနသိကာရဖြစ်ရင် အကုသိုလ်စိတ်ဖြစ်ပါတယ်။ ယောနိသော မနသိကာရဖြစ်ရင် ကုသိုလ်
စိတ်ဖြစ်ပါတယ်။
မြန်မာလိုပြောရင်တော့ နှလုံးသွင်းမှားရင် အကုသိုလ်စိတ်ဖြစ်ပါ တယ်။ နှလုံးသွင်းမှန်ရင် ကုသိုလ်စိတ်ဖြစ်ပါတယ်။
ဒါကိုထောက်ပြီး ကုသိုလ်စိတ်၊ အကုသိုလ်စိတ်ဖြစ်ခြင်းဟာ ကိုယ့်အပေါ်မှာပဲ အဓိကကျနေပါတယ်။
ပတ်ဝန်းကျင်က တစ်စုံတစ်ယောက်က ဘယ်လောက်ပဲ ဖောက် ပြန်တဲ့အမှုအရာ ပြနေဦးတော့ ကိုယ့်မှာယောနိသောမနသိကာရ ရှိနေ ရင် အကုသိုလ်စိတ်မဖြစ်တော့ပါဘူး။ အေးဆေးပါပဲ။
လူသုံးယောက်ရှိပါတယ်။
ပထမတစ်ယောက်က ပင်ကိုယ်ပါရမီဓာတ်ခံသိပ်အားကောင်းပါ တယ်။ ဘယ်အာရုံဆိုးနဲ့ပဲတွေ့တွေ့ နှလုံးသွင့်မှန်နေတဲ့အတွက် သူ့ကို ကြည့်လိုက်ရင် ပြုံးပြုံး ပြုံးပြုံးနဲ့ပါ။ ဘာမှမဖြစ်ပါဘူး။ တွေ့ဖူးကြမှာပါ။
ဒုတိယတစ်ယောက်ကျတော့ ပင်ကိုယ်ဓာတ်ခံအားနည်းနေတဲ့အ တွက် အာရုံဆိုးတစ်ခု တွေ့လိုက်ရတဲ့အခါ နှလုံးသွင်းမှားပြီး အကု သိုလ်စိတ်က တန်းကနဲ ဖြစ်သွားပါတယ်။
ဒါပေမယ့် သူကနှလုံးသွင်းမှားတာကို ချက်ချင်းသိပြီး ကိုယ့်ကိုယ် ကိုယ် နှလုံးသွင်းမှန်အောင် ပြန်ပြီး ပြုပြင်ဆင်ခြင်ပြီး ယူပါတယ်။
နှလုံးသွင်းမှားမှုကြောင့် အကုသိုလ်စိတ်တွေတော့ ဖြစ်လိုက်ပါ တယ်။ ဖြစ်ပေမယ့် ပြန်ပြုပြင်ယူလိုက်တော့ အကုသိုလ်စိတ်ဟာ ရင် ထဲမှာ အခိုက်အတန့်ပဲ ဖြစ်ပါတယ်။ ဖြစ်ကျောရှည်မနေတော့ပါဘူး။
တတိယတစ်ယောက်ကျတော့ အာရုံဆိုးတစ်ခုကို တွေ့လိုက်ရ တဲ့အခါ နှလုံးသွင်းမှားမှုကြောင့်အကုသိုလ်စိတ်တွေ ၀င်လာပါတယ်။
ကိုယ့်နှလုံးသွင်းမှားလို့ အကုသိုလ်စိတ်ဖြစ်နေတာကို မသိတော့ ဘဲ တစ်ဖက်က အာရုံဆီကိုပဲ စိတ်ကရောက်ရောက်နေပြီး အကုသိုလ် စိတ်တွေချည်း ဆက်ကာ ဆက်ကာ ဖြစ်နေတော့တာပါ။
“ သူက ငါ့ကို ဘယ်လိုပြောလိုက်တာ၊ ငါကလည်း ဘယ်လိုပြန် ပြောလိုက်တာ၊ အဲဒီအချိန်မှာ သူက အင်္ကျီပန်းရောင်လေးဝတ်ထား တယ်၊ ငါက လှေကားလက်တန်းလေးကို ကိုင်ထားတယ်” စသည်ဖြင့် ဖြစ်ပျက်သမျှတွေကို အသေးစိတ်ပြန်မြင်ယောင်ပြီး ထပ်ကာ ထပ်ကာ တွေးတွေးပြီး ခံစားနေတော့တာပါ။ ဒီလိုပါပဲ နောက်ရက်တွေမှာလည်း တွေးချိန်ရောက်လာတာနဲ့ “သူက ငါ့ကို ဘယ်လိုပြောလိုက်တာ” စသည်ဖြင့် ဖြစ်ပျက်ခဲ့သမျှကို ပြန်တွေးတော့တာပါ။ ဖြစ်စတုန်းက ဒီလောက်မဟုတ်ပေမယ့်တွေးပတွေးပါ များများလာတော့ အတွေးက အကုသိုလ်စိတ်ကို ပိုပိုတိုးတိုးသွားစေတော့တာပါ။
ကြာလာတော့ အာရုံဆိုးတစ်ခုတွေ့လို့ မကျေနပ်စိတ်ကို ပြန်ပြန် တွေးတတ်တဲ့ အထုံက ကိုရီးယားကားစွဲသလို စွဲသားတော့တာပါ။ အေးအေးဆေးဆေး အနားယူရမယ့် အချိန်မှာတော့ အတွေးက အား ထုတ်စရာမလိုဘဲနဲ့ ပေါ်လာတော့တာပါ။
ဒီတော့ စိတ်ဆင်းရဲရပြန်ရော။
ကိုယ်က တွေးတွေးပြီး စိတ်ဆင်းရဲနေရတဲ့အချိန်မှာ ဟိုတစ်ဖက် သားက သိတောင်သိမှာ မဟုတ်ပါဘူး။
လူသုံးမျိုးထဲမှာ ကိုယ်က ပထမအမျိုးအစားထဲမှာ မပါရင်တောင် စိတ်ကို ပြန်ပြုပြင်ယူတဲ့ ဒုတိယအမျိုးအစားထဲမှာ ပါအောင်တော့ ကြိုး စားရပါမယ်။
တကယ်လို့ တတိယအမျိုးအစားထဲမှာပါတယ် ဆိုရင်လည်း ဘာ မှအားငယ်စရာမလိုပါဘုး။ ဘယ်ကိစ္စပဲဖြစ်ဖြစ် လေ့ကျင့်ယူရင် ရတာပါ ပဲ။ အလေ့အကျင့်များလာတဲ့အခါ ဒုတိယမအမျိုးအစားထဲမှာ ၀င်လာ မယ်။ နောက်ဆက်လေ့ကျင့်တဲ့အခါ ပထမအမျိုးအစားထဲမှာတောင် မယုံကြည်နိုင်လောက်အောင် ၀င်သွားတော့တာပါ။
အဲဒီအထုံပါရမီဓာတ်ဟာ နောက်ဘ၀အထိပါ ဆက်ပါသွားတော့ မှာပါ။
ဝင်လာတဲ့အကုသိုလ်ကို ပယ်တတ်သလို ပယ်ပယ်ပြီး နှလုံးသွင်း မှန်အောင်နေမယ်။ ကုသိုလ်လေးတွေ ဆက်ကာဆက်ကာ ပြုပြုပေးပြီး
နေသွားမယ်ဆိုရင်တော့ စိတ်ဆင်းရဲလည်း ခဏသာ စိတ်ဆင်းရဲပြီး ကိုယ့်ရဲ့စိတ်ကလေးက အချိန်များများ စိတ်ချမ်းသာနေတော့မှာပါ။
အဲဒီစိတ်ချမ်းသာတဲ့စိတ်ကလေးနဲ့ ၀ိပဿနာတရား အားထုတ် ဖြစ်လိုက်မယ်ဆိုရင်တော့……။
ဒါကအကုသိုလ်စိတ်ဝင်လို့ သိပ်စိတ်ဆင်းရဲနေတဲ့ သူအတွက် ပြောတာပါ။ အဲဒီလောက်လည်း ကိုယ်က အကုသိုလ်စိတ်မ၀င်ဘူး။ အဲဒီလောက်လည်း အရမ်းကာရော စိတ်ဆင်းရဲမနေဘူး။ ဒါပေမယ့် ကိုယ့်ရဲ့စိတ်ကလေး အမြဲငြိမ်းအေးနေချင်တယ်ဆိုရင်တော့ နည်းတစ် မျိုးနဲ့ထုံပွားကြည့်ရအောင်ပါ။
ဒီတော့ စိတ်ချမ်းသာအောင်ဘယ်လိုနေမလဲ..? ။
စိတ်ဆင်းရဲတယ်၊ စိတ်ဆင်းရဲတယ်ဆိုတာ ရင်ထဲကို လောဘ၊ ဒေါသ၊ ဣဿာမစ္ဆယ၊ ရာဂ၊ တဏှာ စတဲ့အကုသိုလ်တရားတွေ ၀င်လာလို့ပါ။ ဒီသဘောကို ကိုယ်တိုင်က အရင်သဘောပေါက်ထား လိုက်ပါ ။
ဒီတော့ မနက်အိပ်ရာက နိုးတာနဲ့ “ငါ ဒီနေ့ သတိပဋ္ဌာန်ရယ်၊ နမောတဿရယ်နဲ့ ငါ့စိတ်ကလေးကို ငြိမ်းအေးအောင်နေမယ်” လို့ သုံးခါလောက်စိတ်ထဲကနေ အဓိဋ္ဌာန်လိုက်ပါ။
အိပ်ရာထကတည်းက သတိပဋ္ဌာန်လေးနဲ့ထလိုက်ပါ။ ရေချိုးခန်းဝင်တာ၊ မျက်နှာသစ်တာ၊ သွားတိုက်တာ၊ မျက်နှာသုတ်တာ၊ ခြေလှမ်းလှမ်းတာ၊ ခြင်ထောင်သိမ်းတာ၊ စောင်ခေါက်တာ၊ မီးဖိုချောင်ဝင်တာ စသည်တွေကို သိသိနေလိုက်ပါ။
တကယ်လို့ မှတ်ရတာ ကြာလာလို့ နည်းနည်းငြီးငွေ့လာရင် နမောတဿကို လှည့်ပွားနေလိုက်ပါ။ နမောတဿပွားလို့ အားရတဲ့ အခါ သတိပဋ္ဌာန်လေးနဲ့နေလိုက်၊ နမောတဿ လေးနဲ့နေလိုက်နဲ့ သေချာသတိကပ်ပြီး နေနေလိုက်ပါ။
သတိပဋ္ဌာန်လေးနဲ့ နေနေတဲ့အချိန်၊ နမောတဿပွားနေတဲ့အချိန် လေးမှာ လောဘ၊ ဒေါသစတဲ့ အကုသိုလ်တရားတွေ မ၀င်ပါဘူး။ အဲဒီ အကုသိုလ်တရားတွေမ၀င်ရင် စိတ်ကလေးက ငြိမ်းအေးနေတော့တာ ပါ ။
တနေ့လုံးမကျင့်နိုင်ရင်တောင် မနက်ပိုင်းလေးမှာတော့ အချိန် လေးသတ်မှတ်ပြီး ကျင့်ကြည့်စေချင်ပါတယ်။ ကျင့်စမှာ နည်းနည်း ခက်ချင်ခက်မယ်။ ကျင့်ပါများလာရင်တော့မှတ်ရ ပွားရတာ လွယ်သွား ပါလိမ့်မယ်။
ဝိပဿနာဆိုတာအနိစ္စ၊ ဒုက္ခ၊ အနတ္တလက္ခဏာ တွေမြင်ပါမှ ၀ိပဿနာစစ်စစ်ဖြစ်တာပါ။ ဒါပေမယ့် သွားရင် သွားတယ် လို့သိနေတဲ့ အချိန်မှာ သောက်ရင် သောက်တယ်လို့ သိနေတဲ့အချိန်မှာ သတိဖြစ် နေတဲ့အတွက်အကုသိုလ်စိတ်ကလေးတွေက မ၀င်ပါဘူး။ မ၀င်တဲ့ အတွက် စိတ်ကလေးက ငြိမ်းအေးနေတော့တာပါ။ ဒီလောက်ဆိုရင်ပဲ ကိုယ့်အတွက် တော်တော်လေးဟုတ်နေပါပြီ။
ဒါလေးကိုတော့ စမ်းပြီးကျင့်ကြည့်စေချင်ပါတယ်။ စိတ်ကလေး ငြိမ်းအေးနေစေချင်လို့ပါ။ သိပ်ပြီးခက်လှတဲ့ ကျင့်စဉ်လည်း မဟုတ် ပါဘူး။
တချို့စိတ်ဆင်းရဲမှုတွေဟာ တွေးလို့ဖြစ်ရတာပါ။ တွေးတာက ကြာလာရင် အကျင့်ပါသွားတတ်ပါတယ်။ ဒါကြောင့် စိတ်ဆင်းရဲစရာ တစ်ခု တွေးမိလိုက်တာနဲ့ “တွေးတယ်၊ တွေးတယ်”လို့ မှတ်ချလိုက်ပါ။ “တွေးတယ်၊ တွေးတယ်”လို့သိချလိုက်ပါ။ မှတ်ရတာ ကိုယ့်အတွက် သိပ်ခက်နေရင်လည်း နမောတဿကို အားရသလောက် ပွားချပစ် လိုက်ပါ။ မတွေးမိအောင်လည်း အကျင့်လုပ်ထားလိုက်ပါ ။
သေရင်တောင် အားလုံးကိုထားခဲ့ရဦးမှာဆိုတော့ သေခြင့်တရား နဲ့ ယှဉ်လိုက်ရင် ကျန်တဲ့စိတ်ညစ်စရာဆိုတာတွေက ဘာမှမဟုတ် တော့ပါဘူး။
လူတော်တော်များများဟာ ပူလောင်နေကြတာများပါတယ်။ တချို့ ပစ္စည်းဥစ္စာတွေ သိပ်ချမ်းသာကြတာပါပဲ။ ဒါပေမယ့် သူတို့ လည်း ပူလောင်နေကြတာပါပဲ။
စိတ်ပူလောင်လာရင် သက်သာလို သက်သာငြားထင်မိထင်ရာ အကုသိုလ်တွေကို လုပ်ချလိုက်ကြပါတယ်။ ဒါဆိုရင် သံသရာအတွက် ပါ ကြောက်စရာကောင်းသွားရပါတယ်။
လူနှစ်မျိုးရှိပါတယ်။
စိတ်ပူလောင်နေလို့ သတိပဋ္ဌာန်အားထုတ်တဲ့သူရယ်။
ပင်ကိုယ်အားဖြင့် စိတ်ကအေးနေပေမယ့် အမြဲစိတ်ကလေးအေး နေဖို့ သတိပဋ္ဌာန်တရားအားထုတ်တဲ့သူရယ်။
ဒီတော့စိတ်ညစ်ရင်လည်း သတိပဋ္ဌာန်တရားအားထုတ်ရမှာပါ။ စိတ်ချမ်းသာရင်လည်း ဆက်ပြီးစိတ်ချမ်းသာဖို့ သတိပဋ္ဌာန်တရားပဲ အားထုတ်ရမှာပါပဲ။
တစ်ခါတုန်းက ပစ္စေကဗုဒ္ဓါလောင်းတစ်ပါးဟာ ကဿပဘုရားရှင် ရဲ့ သာသနာမှာ အနှစ် နှစ်သောင်းရဟန်းတရားကို အားထုတ်ပြီး ကွယ်လွန်တဲ့အခါ ဗြဟ္မာ့ပြည်မှာ ဖြစ်ရပါတယ်။ ဗြဟ္မာ့ပြည်ကနေ စုတေတဲ့အခါကျတော့ ဗာရာဏသီပြည် မိဖုရားကြီးရဲ့ဝမ်းမှာ ၀င်စားပါ တယ်။
ဗြဟ္မာ့ပြည်က လာတာဆိုတော့ မင်းသားငယ်က မိန်းမတွေကိုင် တာကို မကြိုက်ပါဘူး။ ရေချိုးတာပြုတာကိုလည်း ယောက်ျားတွေကပဲ ပြုပေးရပါတယ်။ နို့တိုက်တာတောင် မိန်းမတွေက ယောက်ျားအသွင် ၀တ်ပြီး တိုက်ရပါတယ်။ မိန်းမတွေရဲ့ အနံ့အသက်ကိုတောင် အလိုမရှိ တဲ့ အတွက် အိနတ္ထိဂန္ဓလို့ အမည်ပေးထားကြပါတယ်။
အရွယ်ရောက်လာတဲ့အခါ နန်းတွင်းကချေသည်တွေနဲ့ ချော့မြူဖြားယေင်းပေမယ့် မရပါဘုး။ သင့်တော်တဲ့မင်းသမီး တစ်ပါးပါး နဲ့ လက်ထပ်ဖို့ တိုက်တွန်းတာကိုလည်း လက်မခံပါဘူး။
တိုက်တွန်းပါများလာတော့ မင်းသားငယ်က အလွန်လှတဲ့မင်းမ ရွှေရုပ်တစ်ခုကို ထုစေပြီး “ ဒီလောက်လှတဲ့ မိန်းမကိုရရင် ယူမယ်“ လို့ ပြောလိုက်ပါတယ်။
အမှန်တော့မရနိုင်လောက်ဘူးထင်ပြီး မိန်းမမယူချင်လို့ပြောလိုက်
တာပါ။
အမတ်တွေ ရွှေရုပ်ကိုင်ပြီး ရှာကြတော့ မဒ္ဒရာဇ်တိုင်း၊ သာဂရမြို့ က ဘုရင့်ရဲ့သမီးတော်ကို ရခဲ့ပါတယ်။
ရလျှင်ရခြင်းပဲ အမတ်တွေက မင်းသားငယ်ဆီကို ရွှေရုပ်နဲ့တူတဲ့ မင်းသမီးရပြီလို့ သတင်းပို့လိုက်ပါတယ်။ ဒီသတင်းကြားလိုက်ရုံနဲ့တင် မမြင်ရသေးဘဲ မင်းသမီးအပေါ် ချစ်ခင်မှုရာဂတွေ ဖြစ်လာပါသတဲ့။ အဲဒီရာဂနှိပ်စက်မှုကြောင့်ပဲရထားတဲ့ ပထမဈာန်လည်း လျှောကျသွား ပါတဲ့။
မင်းသားငယ်ဟာ နေမထိ ထိုင်မသာနဲ့ တမန်စေလွှတ်ပြီး မြန် မြန်ခေါ်ခဲ့ဖို့ မှာပါသတဲ့။ ခေါ်လာရင်းမြို့အပြင် နန်းတော်နားရောက်ခါနီး မှာပဲ မင်းသမီးလေးက ကွယ်လွန်သွားပါသတဲ့။
ဒီသတင်းလည်းကြားရော မင်းသားငယ်မှာ မဟာသောကဖြစ်ရပါ တော့တယ်။
ဒါပေမယ့် မင်းသားငယ်က ပါရမီပါခဲ့သူဆိုတော့ဖြစ်နေတဲ့ သော ကရဲ့ အပြစ်ကို တူးဖြိုဖို့ အားထုတ်ပါတော့တယ်။
ဒီတော့ မင်းသားငယ်က ဆင်ခြင်ပါတယ်။ “ ဒီသောကဟာ ပဋိ သန္ဓေမနေတဲ့သူမှာ မဖြစ်ဘူး၊ ပဋိ သန္ဓေနေတဲ့သူမှာသာ ဖြစ်ရတာ၊ ဇာ တိတရားဟာ ဘ၀ကိုစွဲဖြစ်တာပဲ” လို့ ရှေးက အားထုတ်ခဲ့ဖူးတဲ့ ဘာဝ နာရဲ့ အစွမ်းနဲ့ဆင်ခြင်ပါတယ်။ ဆင်ခြင်တဲ့အခါ အပြန်အလှန် ပဋိစ္စသ မုပ္ပါဒ်ကို မြင်ပြီး ၀ိပဿနာတရား ဆက်ရှုမှတ်လိုက်တာ ပစ္စေကဗုဒ္ဓါ အရှင်မြတ် ဖြစ်သွားပါတော့တယ်။
(သုတ္တနိပါတ်အဋ္ဌကထာ၊ ပထမတွဲ၊ နှာ ၆၀၊ ၆၁၊ ၆၂)
မင်းသားငယ်ဟာ သောကတော့ ဖြစ်လိုက်ပါတယ်။ ဒါပေမယ့် ဖြစ်နေတဲ့သောကကို ပြန်သိလိုက်ပါတယ်။ သိတဲ့အခါ တရားသဘော နဲ့ ပြန်ဆင်ခြင်ပါတယ်။ ဆင်ခြင်လိုက်တဲ့အခါ ဖြစ်နေတဲ့သောက က ပျောက်သွားပါတယ်။ ဆင်ခြင်လို့ရရှိတဲ့ တရားသံဝေဂအသိကိုပဲ အခြေ ခံပြီး ၀ိပဿနာဆက်ပွားပါတယ်။ နောက်ပစ္စေကဗုဒ္ဓါ အရှင်မြတ်ဖြစ် သွားပါတယ်။
တဆင့်ချင်း တစ်ဆင့်ချင်း တစ်ကွက်ချင်း တစ်ကွက်ချင်း ဖြစ်ဖြစ် သွားပုံလေးက သက်ရှိတကယ့်တီဗွီဇာတ်လမ်းလေး တစ်ခုလိုပါပဲ။ သိပ်အားကျဖို့လည်းကောင်းတာပါ။ သောကတော့ ဖြစ်လိုက်ပါတယ်။ ဖြစ်လာတဲ့သောကကိုပဲ အခြေခံပြီး အမြတ်ဆုံးပန်းတိုင်တစ်ခုကို ရောက်အောင် လှမ်းတက်လိုက်တာပါ။
ဒီတော့ ကိုယ်သောကဖြစ်လာတဲ့အခါ ပါရမီမပြည့်သေးလို့ တရားထူးမရသေးဦးတော့ ဖြစ်နေတဲ့သောကကို ပထမသိလိုက်ရပါ မယ်။ သိတာနဲ့သောကဖြစ်ကြောမရှည်အောင် တစ်နည်းနည်းနဲ့ ဖြတ်ချလိုက်နိုင်ရပါမယ်။
ဘယ်သူပဲဖြစ်ဖြစ် စိတ်ချမ်းသာချင်တဲ့သူချည်းပါပဲ။ စိတ်မချမ်း သာချင်တဲ့သူ ဘယ်သူမှ မရှိပါဘူး။ ဒါပေမယ့် တချို့ကျတော့ မိသားစု ကာမဂုဏ်အာရုံထက်ကျော်လွန်ပြီး ပညာရှိတွေကဲ့ရဲ့တဲ့ လောကပြစ် ဓမ္မပြစ်သင့်စေတဲ့ တဏှာနဲ့ပဲ စိတ်ချမ်းသာမှုကို ရှာကြတာပါ။ တချို့ကျတော့ တရားနဲ့ပဲရှာကြတာပါ။
တဏှာနဲ့ ရှာတဲ့အခါ အခိုက်အတန့်တော့ စိတ်ချမ်းသာသလို ထင်ရပေမယ့် နောက်တော့လည်း စိတ်ဆင်းရဲရတာပါပဲ။ ကာမဂုဏ် အာရုံတွေနောက်ကို လိုက်နေတဲ့သူဟာ ဘယ်တော့မှ စိတ်မချမ်းသာ နိုင်ပါဘူး။ နောက်ဆုံး စိတ်ဓာတ်တွေကျပြီး လုပ်မိလုပ်ရာတွေလုပ်ရင်း ပျက်စီးသွားရတော့တာပါ။ ကာမဂုဏ်နောက်ကို လိုက်နေတဲ့သူဟာ “တရားသံ” ကြားရင် သိပ်နားခါးတာပါ။ ဒါကတရားရဲ့ အရသာကို မသိ သေးလို့ပါ။ နောက်ဆုံးစမ်းကြည့်တဲ့အနေနဲ့ ရိပ်သာတစ်ခုခုမှာ ပေတေ ပြီး ဆယ်ရက်လောက်ဝင်ပစ်လိုက်စမ်းပါ။ ကိုယ့်မှာ တရားပါရမီပါမလာ ဘူးလို့ ဘယ်သူပြောနိုင်မှာလဲ။ တကယ်တရားအရသာကို သိသွားတဲ့ အခါ ကိုယ်တစ်ချိန်က အပျော်လိုက်ခဲ့တာတွေကိုတောင် ရှက်ပြီးရင်း ရှက်နေတော့မှာပါ။
တကယ်တော့ “ဘ၀ကို ဘယ်လိုနေမလဲ” ဆိုတဲ့မေးခွန်းကို မကြာခဏ စဉ်းစားရမှာပါ။ စဉ်းစားတဲ့အခါ တရားနဲ့ မနီးစပ်တဲ့သူကျ တော့ တရားကိုဖယ်ပြီး စဉ်းစားလိုက်တာပါ။ ဒီတော့ အဓိကမကျတာ
တွေဘဲ အာရုံညွတ်ချလိုက်တော့တာပါ။ စဉ်းစားတဲ့အခါ တရားနဲ့ယှဉ် ပြီး စဉ်းစားနိုင်ရပါမယ်။ ဒါမှ အမှန်ဆီကို ပို့ပေးနိုင်တာပါ။
ကိုယ့်အတွက် အားကိုးရာ မြတ်စွာဘုရားဟောကြားထားတဲ့ တရားတော်တွေရှိတယ်ဆိုတာ သိထားပေးလိုက်စမ်းပါ။ တရားတော် တွေထဲမှာ လောကီကြီးပွားရေးတွေကော၊ လောကုတ္တရာကြီးပွားရေး တွေကော အပြည့်အစုံဟောထားတာပါ။
ဒီစကားတွေပြောတော့ အဲဒီစာရေးနေတဲ့သူကကော တရားတွေ ဘယ်လောက်ရှိနေလို့လဲလို့ မေးချင်မေးစရာပါ။ ဘယ်လောက်မှမရှိပါ ဘူး။ အပူတချို့နဲ့ တစ်ခါတလေ ကြုံရတတ်လို့ ကိုယ်ချင်းစာစိတ်နဲ့ တရားနည်းမျှဝေတာပါ။ စိတ်ညစ်တဲ့အခါ တရားနဲ့ ထွက်ပေါက်ရှာနိုင် အောင်လို့ပါ။ လောကရဲ့ မမြဲတဲ့ သဘောတွေကို ဉာဉ်ဖြစ်ပြီး မသိဦး တော့၊ ဆင်ခြင်သိနဲ့ သိလိုက်နိုင်တယ်ဆိုရင်ပဲ တော်တော်လေးဟုတ် သွားပါပြီ။
ဘာပဲဖြစ်ဖြစ် စိတ်မညစ်ပါနဲ့။ သတိပဋ္ဌာန် ရှိပါတယ်။
ရဝေနွယ် – အင်းမ

Wednesday, November 18, 2009

ဘုရားရှင်၏ အံ့ဖွယ်တော်(၁၈)ပါး



(၁) ၀တ်တော်မူသော သင်္ကန်းတော်သည် ဖွပ်ဆိုးရခြင်း၊ ဟောင်းနွမ်းခြင်းမရြှိုခင်း။
(၂) ပရိက္ခရာ (၈)ပါးကို ဆောင်တော်မူလျှင် ကိုယ်နှင့်မထိ လက်လေးသစ်မျှကွာခြင်း။
(၃) တော်ထွက်တော်မူစဉ်က ပယ်ဖြတ်မူသောဆံတော်သည် လက်နှစ်သစ်မျှသာ တစ်သက်ပတ်လုံး တည်တော်မူခြင်း။
(၄) ဆွမ်းစားပြီးသော် သပိတ်တော်ဆေးလျှင် လက်တော်စင် ၊ လက်တော်ဆေး ၊သပိတ်တော်စင်၏။
(၅) မုန်ညင်းစေ့မျှသော ကြုတ်ထဲသို့ ၀င်နိုင်ခြင်း။
(၆) ရောင်ခြည်တော် (၆)ပါး လွှတ်တော်မူသော် အရပ်(၁၀)မျက်နှာကို ဖောက်ထွင်းခြင်း။
(၇) ဝေနေယျသတ္တ၀ါသို့လိုက်၍ ကိုယ်တော်မှတစ်ပါး နိမ္မိတဘုရားပေါင်းများစွာ ဖန်ဆင်းနိုင်ခြင်း။ (အသေင်္ချေ)
(၈) ခေတ်သုံးပါးတို့၌ အမိုက်တိုက်ကိုလည်းကောင်း၊ အလင်းကိုလည်းကောင်း ပေးနိုင်ခြင်း။
(၉) အထက်ကောင်းကင်တွင် လ၀န်းကဲ့သို့ မြင်တော်မူခြင်း။
(၁၀) လူနတ်တို့၏စိတ်ကို အသာသယာနုသယဉာဏ်တော်ဖြင့် သိစွမ်းတော်မူခြင်း။
(၁၁) အသံတော်ရှစ်ပါးနှင့်တရားဟော်တော်မူရာ အလုံးစုံသောပရိတ်သတ်တို့၏အနားသို့ ကပ်၍ဟောသကဲ့သို့ကြားရခြင်း။
(၁၂) ကျွတ်အံ့သော သတ္တ၀ါတို့ကို မဟာဂရုဏာ သမာပတ္တိဉာဏ်တော်ဖြင့် သိနိုင်ခြင်း။ ခပ်သိမ်းသော သတ္တ၀ါတို့အပေါ်တွင် ကရုဏာတရား ပွားများအားကြီးခြင်း။
(၁၃) လူနတ်ဗြဟ္မာတို့၏ ကျွတ်မည့်အခါတည်းဟူသော အိနြေ္ဒအနုအရင့်ကို သိတော်မူခြင်း။
(၁၄) အထက်ပါ(၁၃)ပါးနှင့် ဥေယျဓံတရား(၅)ပါးကို သိနိုင်ခြင်း။
(၁၅) အလိုရှိ၍လက်တော်ကိုဆန့်လိုက်လျှင် သပိတ်တော်အလိုအလျောက် ရောက်လာခြင်း။
(၁၆) ရေအစုံ ၊ မီးအစုံနှင့် တန်ခိုးဖြာဋိကာပြနိုင်ခြင်း။
(၁၇) တာဝတိံသာသို့ အဘိဓမ္မာတရားဟော်တော်မူရန် ပကတိ သုံးဖ၀ါးနှစ်လှမ်းတည်းဖြင့် ကြွတော်မူနိုင်ခြင်း။
(၁၈) ဒေသစာရီကြွချီတော်မူလျှင် ခြေရာမတင်သည့်အပြင် မြေအညီအညွတ်ဖြစ်ရခြင်း။

တရားထူးရခြင်း ဆိုသည်မှာ



ဗုဒ္ဓဘာသာဝင်အဖို့ တရားထူးရခြင်းနှင့်ပတ်သက်၍ ဘာသာရေးစကားဝိုင်းများတွင် မကြာခဏဆွေနွေးကြပါသည်။ တရားထူးရန် မည်သည့်အချက်များ ပြည့်စုံရမည်နည်း။ မည့်သို့ ဖြည့်ကျင့်ရမည်နည်း။ ဘုရားလက်ထက်တော်က တရားတစ်ပိုဒ် ကြားနာရုံဖြင့် တရားထူးရခြင်းနှင့် ယခုခေတ် ဘာဝနာ အထပ်ထပ်ပွါးများပြီးမှ တရားထူးရခြင်း ဘာများ ကွာခြားပါသနည်း စသော မေးခွန်းများအပေါ် အမျိုးမျိုး ထင်မြင်ချက် အကြံပြုချက်များ ဖတ်ရှုရပါသည်။ အချို့က တရားတစ်ပိုဒ်နာကြားရယုံဖြင့် တရားထူးရခြင်းသည် ၀ိပဿနာအလုပ် မပါဟုလည်း ထင်ကြသူများလည်း တွေ့ရပါသည်။
သို့နှင့် ဆရာတော်ကြီးများ ဟောကြားချက်များကို ဖတ်ရှုလေ့လာကြည့်မိပါသည်။ မိမိဖတ်ရှုမိသမျှ အချက်အလက်များကို လိုရင်းတိုရှင်း တင်ပြသွားပါမည်။ မိုးကုတ်ဆရာတော်ကြီး၏ တစ်ဘ၀သာသနာ စာအုပ်တွင် မြတ်စွာဘုရား ကိုယ်တိုင်ဟောကြားသော အင်္ဂုတ္တိုရ် ပါဋ္ဌိတော်အရ သောတာပန်ဖြစ်ရန် အင်္ဂါ ၄ ရပ်နှင့် ညီရမည်ဟု ဆိုထားပါသည်။
၁) သပ္ပုရိသသံသေဝေါ = သူတော်ကောင်းနှင့်ပေါင်းခြင်း။
၂) သဒ္ဓမ္မဿဝနံ = သစ္စာတရားမျိုးကိုရွှေး၍ နာခြင်း။
၃)ယောနိကော မနသိကာရ= မှန်မှန်ကန်ကန် ကြံဆနှလုံးသွင်းခြင်း။
၎)ဓမ္မာနုဓမ္မပဋိပတ္တ= ရနိုင်လောက်အောင် ဇွဲသန်သန်ဖြင့် အားထုတ်ခြင်း။
အထက်ပါအချက် ၄ ချက်ဖြင့် ပြည့်စုံမှ တရားထူးရမည်ဟု ဟောကြားထားပါသည်။ ” သူတော်ဆည်းကပ်၊ မြတ်တရားနာ၊ လျော်စွာနှလုံး၊ ကျင့်သုံးဇွဲသန်၊ သောတာပန် ဖြစ်ရန်အကြောင်းလေး” ဟု အတိုချုပ် မှတ်သားထားရန် လိုအပ်ပါသည်။ အထက်မဂ်များအတွက် နောက်ထပ်အင်္ဂါများလိုပါသေးလားဟု မေးလျှင် မရှိပါ။ ဤလေးချက်ဖြင့် ပြည့်စုံက အရဟတ္တမဂ်အထိ ရနိုင်ပါကြောင်းကို မြတ်စွာဘုရားက ဟောကြားထားခဲ့ပါသည်။
“စတ္တာရောမေ ဘိက္ခဝေ ဓမ္မာ ဘာဝိတာ ဗဟုလီကတာ သောတာပတ္တိဖလ သစ္စိကိရိယာယ သံဝတ္တံန္တိ၊ သကဒါဂါမိဖလ သစ္စိကိရိယာယ သံဝတ္တံန္တိ၊ အနာဂါမိဖလ သစ္စိကိရိယာယ သံဝတ္တံန္တိ၊ အရဟတ္တဖလ သစ္စိကိရိယာယ သံဝတ္တံန္တိ၊ ကတမေ စတ္တာရော-
သပ္ပုရိသသံသေဝေါ
သဒ္ဓမ္မဿဝနံ
ယောနိကော မနသိကာရ
ဓမ္မာနုဓမ္မပဋိပတ္တ “
မြတ်စွာဘုရား တရားဟောပြီးတိုင်း ကျွှတ်တန်းဝင်သူများစွာ ပေါ်ထွက်လာကြသည်။ သောတာပန် မည်မျှ၊ သကဒါဂမ်မည်မျှ၊ အနာဂါမ်မည်မျှ၊ ရဟန္တာမည်မျှ စသဖြင့် သိရှိနိုင်သည်။ တရားနာရုံဖြင့် တရားထူးရသည်ဟု ထင်မှတ်ကြသည်။ ” မကျင့်ပဲနှင့် တရားထူးရကြပါသလား၊ ဘယ်အချိန်ကျင့်လိုက်ကြပါသလဲ”မေးလျှင် ကျင့်၍ တရားထူးရကြပါသည်။ နားကတရားနာ၍ ဉာဏ်က ခန္ဓာလှည့်သည့်အချိန်တွင် ရကြသည်ဟု သိရပါသည်။ ” ဘယ်လောက်ကြာ ကျင့်လျှင် တရားထူးရပါသလဲ”လျှင် တရားကျင့်သူ အင်္ဂါရပ် ၅ ပါး(ပဓာနိယင်္ဂ ၅ ပါး)ပြည့်စုံလျှင် ရပါသည်။ ၄င်းတို့မှာ-
၁)မြတ်စွာဘုရားအပေါ် ယုံကြည်မှုရှိရမည်။
၂) ကျန်းမာသူဖြစ်ရမည်။
၃) စိတ်ထားဖြောင့်မတ်သူ ဖြစ်ရမည်။
၎) ဇွဲသန်ကြိုးစားအားထုတ်သူ ဖြစ်ရမည်။
၅) ဉာဏ်စွမ်းဉာဏ်စရှိရမည်။

တရားရသူ ပုဂ္ဂိုလ်လေးမျိုး ရှိပါသည်။ ယင်းတို့မှာ-
၁) ဥဂ္ဃါဋိတညူ ပုဂ္ဂိုလ်။ မြတ်စွာဘုရားအားထူးတွေ့ရပြီး တရားအကျဉ်းမျှ ကြားနာရရုံဖြင့် တရားထူးရသူ။
၂) ၀ိပဉ္စိတညူ ပုဂ္ဂိုလ်။ တရားအကျဉ်းဟောရုံဖြင့် နားမလည်၊ အကျယ်ဟောပြမှ တရားထူုးရသောသူ။
၃) နေယျပုဂ္ဂိုလ်။ အကျဉ်းအကျယ်ဟောရုံဖြင့် သဘောမပေါက် အကြိမ်ကြိမ် အထပ်ထပ် ဆွေးနွေးမေးမြန်းပြီး ဘာဝနာပွါးမှ တရားထူးရသူ။
၎) ပဒပရမ ပုဂ္ဂိုလ်။ တရားနာခြင်း ဆွေးနွေးမေးမြန်းခြင်း ဘာဝနာပွါးများခြင်းများ ပြုလုပ်သော်လည်း ဤဘ၀၌ တရားထူးမရနိုင်။ နောက်နောင်ဘ၀များတွင် တရားထူးရရန် အထုံဗီဇအဖြစ်သာ ရရှိသူ။
ပုဂ္ဂိုလ်လေးမျိုးရှိတဲ့အနက် အကျဉ်းမျှနာကြားရရုံဖြင့် တရာထူးရသူတို့သည် ၀ိပဿနာတရား အားမထုတ်ရပဲ မဂ်ဖိုလ်ရသည်ဟု မမှတ်ယူသင့်ပါ။ မဟာစည်ဆရာတော်ကြီး၏ ဓမ္မာစင်္ကြာတရားတော်(၁)အရ သတိပဌာန်တရားလေးပါးမှ ကင်းလွတ်ပြီး မဂ်ဖိုလ်ရခြင်းသည် မရှိဟု ဟောကြားထားသည့်အတွက် တရားနာရုံဖြင့် ဉာဏ်က ခန္ဓာကို မလှည့်ပဲ တရားထူးရစရာမရှိဟု ဟောကြားထားပါသည်။ နာကြားယုံဖြင့် တရားထူး မရနိုင်ပါ။ အဘယ့်ကြောင့်ဆိုသော် သတိပဋ္ဌာန်၏အာရုံဖြစ်သော ရှုကွက်ဖြစ်သည့် ကာယ၊ ဝေဒနာ၊ စိတ်၊ ဓမ္မသဘောတရားတို့အနက် တစ်ခုခုကိုမျှ မရှုပဲ ၀ိပဿနာပညာလည်း ဖြစ်ရိုးမရှိ၊ အရိယာမဂ်လည်း ဖြစ်ရိုးမရှိဟု မဟာစည်ဆရာတော်ကြီးဟောကြားထားပါသည်။ ထိုသို့ ရှုမှတ်ရာတွင် “တရားနာဆုံးသည်နှင့် ရနိုင်လောက်အောင် သမာဓိရရန် အချိန်မလိုဘူးလား”ဟု မေးစရာရှိပါသည်။ မဟာစည်ဆရာတော်ကြီးက သုဒ္ဓ၀ိပဿနာယာနိကလမ်းဖြင့် သွား၍ ခဏိကသမာဓိရသည်နှင့် ရုပ်နာမ်ဓမ္မသင်္ခါရတို့၏ ဖြစ်ပျက်ကို သိမြင်နိုင်ပါသည်ဟု ဟောကြားထားပါသည်။ ခဏိကသမာဓိကို ၀ိပဿနာ သမာဓိဟုလည်း ခေါ်ပါသည်။ သမာထ၀ိပဿနာယာနိကလမ်းနှင့် ကြည့်လျှင် ဥပစာရသမာဓိနှင့် ဆင်တူသည်ဟု ဆိုပါသည်။ နီဝရဏခေါ် ဆန့်ကျင်ဘက်ကိလေသာများ မနှောက်ယှက်နိုင်အောင် တည်ကြည်သောစိတ် အခိုက်အတန့်ကလေးအတွင်း ဖြစ်လာသော ခဏိကသမာဓိ (သို့) ဥပစာရသမာဓိတို့ဖြင့် ရုပ်နာမ်အာရုံကို အမှန်အတိုင်းသိမြင်နိုင်ပြီး အရဟတ္တမဂ်အထိပင် ပေါက်ရောက်နိုင်ကြောင်း ဟောကြားထားပါသည်။ ထို့ကြောင့် အမှတ် ၁ ပုဂ္ဂိုလ်များသည် တရားနာရင်းဖြစ်စေ နာင်္ပြီးလျှင်ပြီးခြင်းဖြစ်စေ ခဏိကသမာဓိဖြင့် အရိယာမဂ်ရသွားသည်ဟု မှတ်ယူရပါမည်။ ရုပ်နာမ် မရှုပဲ ကျက်မှတ်လေ့လာ သရုပ်ခွဲ ဆင်ခြင်ရုံဖြင့် ၀ိပဿနာဉာဏ် အရိယာမဂ်ဉာဏ် သမ္မာဒိဌိ မဂ္ဂင် အစစ် မဖြစ်နိုင်ကြောင်း ဆရာတော်ကြီးက မိန့်ကြားထားပါသည်။
ယနေ့ခေတ်လူတို့မှာ အမှတ် ၁ နှင့် ၂ ပုဂ္ဂိုလ်များ မရှိသလောက် ရှားသွားပြီဟု မိမိထင်မြင်မိပါသည်။ အမှတ် ၃နှင့် ၄ ပုဂ္ဂိုလ်များ ဖြစ်ဖို့များပါသည်။ မိမိကိုယ်တိုင် အမှတ် ၃ လား၊ ၄ လားဆိုသည်ကို တရား အားမထုတ်ကြည့်ပဲ မသိနိုင်ပါ။ မိမိ ဤဘ၀တွင် ပဉ္စာနန္တရိယကံ ၅ ပါးမကျူးလွန်ထားပါက တရားထူးရနိုင်မည်ဟု ယုံယုံကြည်ကြည်ဖြင့် အားထုတ်သင့်ပါသည်။ ယခင်ဘ၀က ကျူးလွန်ခဲ့လျှင်လည်း လက်ရှိငရဲကျနေမည်မှာ သေချာပါသည်။ လူဘ၀ကိုရောက်နေခြင်းသည် မရှိခဲ့လို့ဟု မှတ်ယူရပါမည်။ ထို့ကြောင့် တရားနာရုံဖြင့် ဖတ်မှတ်လေ့လာ ဉာဏ်ဖြင့် ဆင်ခြင်စဉ်းစားပြီး တရားရနေပြီဟု မိမိကိုယ်မိမိ အမှတ် ၁ နှင့် ၂ ပုဂ္ဂိုလ်များ ဖြစ်နေမလားဟု အထင်ရောက်နေပါက ကျင့်စရာမလိုဟု ထင်မိပါက ကိုယ်ကျိုးနည်းတော့မည်။ ပုဂ္ဂိုလ် ၄ ဦး စလုံး ခန္ဓာကို ဉာဏ်ဖြင့်လှည့်ပြီး ရုပ်၊ ဝေဒနာ၊ စိတ်၊ ဓမ္မတို့၏ အဖြစ်အပျက်ကို တွေ့ပြီးမှသာ အရိယာမဂ်ရကြကြောင်း၊ မဟာစည်ဆရာတော်၊ မိုးကုတ်ဆရာတော်ကြီးတို့၏ ဟောကြားချက်များကို ထောက်ရှု၍ တင်ပြလိုက်ရပါသည်။

သရဏဂုံ(၃)ပါးမှတ်ဖွယ်

(Sharing Dhamma Talk at Jayamangala Buddhist Vihara in Singapore)........





သရဏဂုံ။ သရဏ +ဂမန ဟူသောပါဠိမှ သရဏဂုံ ဟုမြန်မာစကားဖြစ်လာသည်။
(သရဏ= ကိုးကွယ်ရာဟူ၍ +ဂမန= အသိအမှတ်ပြုလျှက် ဆည်းကပ်ခြင်း) ဘုရား တရား
အရိယာ သံဃာသည် ကိုးကွယ်ရာ အစစ်ဖြစ်၏ ဟုအသိအမှတ်ပြုလျက် ရိုသေလေးမြတ်ဆည်းကပ်လိုသော
ကုသိုလ်စေတနာကို သရဏဂုံ ဟုခေါ်၏။ ၁- ဘုရားကိုးကွယ်မှု၊ ၂-တရားကိုးကွယ်မှု ၊၃- အရိယာသံဃာကိုးကွယ်မှုအားဖြင့် ၃ပါးရှိသည်။ သရဏဂုံသုံးပါးဟု ယခုကာလခေါ်ဆိုကြသည်မှာလည်း
ဤသုံးပါးပင်ဖြစ်ပါသည်။ မိမိသန္တာန်၌ ထိုရတနာသုံးပါးကိုဆည်းကပ်ကိုးကွယ်လိုသော စိတ်စေတနာဖြစ်နေကြောင်း ထင်ရှားပြဖို့ရာ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ စသောပါဠိကိုဖြစ်စေ ။ဘုရားကိုးကွယ်ပါ၏
စသောမြန်မာစကားကိုဖြစ်စေ ၊ရွတ်ဆိုခြင်းသည် သရဏဂုံဆောက်တည်ခြင်းမည်၏။
ထိုသို့ဆောက်တည်ရာဝယ်........

ဗုဒ္ဓံ။ ။ ဗုဒ္ဓံ- အရဘုရားဟုဆိုရာ၌ရုပ်ပုံ ရုပ်ပွားဆင်းတုတော်များလောက်တွင် စိတ်မထားဘဲဘုရားဂုဏ်တော်
ဖွင့်၌ပြခဲ့သော ဘုရားရှင်ကို ရည်မှန်း၍ထားရာ၏။
ဓမ္မံ။ ။ဓမ္မံ-အရ တရားဟုဆိုရာ၌ ယခုကာလဓမ္မကတိကတွေ၊ သံရှည်သံတိုဆွဲ၍ ယပ်လှဲယပ်ထောင်တရားများနှင့် စာအုပ်စာပေတွေလောက်တွင် စိတ်မထားဘဲ ဓမ္မစကြာ၊
အနတ္တလက္ခဏာသုတ် မဟာသတိပဋ္ဌာန် စသောဘုရားဟောပါဠိတော် ၊အဋ္ဌကထာကျမ်းစာအစဉ်နှင့်
မဂ်ဖိုလ် နိဗ္ဗာန်တရားများကို ရည်မှန်း၍ထားရာ၏။
သံဃံ။ ။သံဃံ- အရ သံဃာဟုဆိုရာ၌စိတ်မထားဘဲ သံဠာဂုဏ်တော်၌ပြခဲ့သော အရိယာသံဃာကိုရည်မှန်း
ထားရာ၏။ ဤသို့ရည်မှန်းနိုင်မှသာသရဏဂုံ အစစ်အမှန်ရမည်ဖြစ်ပါသည်။
ရတနာမြတ်သုံးပါးသည် အပ္ပါယ်ဆင်းရဲ ၊သံသရာဆင်းရဲတို့မှ မကျရောက်အောင်ဟောတော်မူသောအားဖြင့်
စောင့်ရှောက်တော်မှုပေရကား........
ကိုး =ရတနာသုံးပါးကို ကိုးစားရာ(အားကိုးစရာ)ဟူ၍လည်းကောင်း။
ကွယ်= ဘေးရန်ပေါ်လာလျင်ကာကွယ်ဖို့ရာ ဟူ၍လည်းကောင်း။
လဲလျောင်း=(မဘအပေါ်မှာယုံကြည်၍ သားသမီးများလဲလျောင်းအိပ်နေသလို) ရတနာသုံးပါးအပေါ်တွင်ကောင်းစွာယုံကြည်၍လဲလျောင်းဖိုရာ ဟူ၍လည်းကောင်း၊
ပုန်းအောင်း=အပ္ပါယ်ဘေး မရောက်အောင်ပုန်းအောင်းနေဖို့ရာ ဟူ၍ လည်းကောင်း။
မှီခို=မိဘကို သားသမီးကမှီခိုသကဲ့သို့ မှီခိုဖို့ရာ ဟူ၍လည်းကောင်း အသိအမှတ်ပြုလျက်
နှစ်နှစ်သက်သက်မှီဝဲဆည်းကပ်ပါ၏ ဟုဆိုလိုသည်။
တစ်ကြိမ်ဆောက်တည် တစ်သက်တည်။ ။ဤသို့ယုံကြည်လေးမြတ်စွာ တစ်ကြိမ်လောက်ဆောက်တည်ထားလျှင်ယုံကြည်စိတ်မပျက်သမျှ တသက်လုံး
သရဏဂုံတည်သူ မည်တော့၏။

Monday, November 16, 2009

အလှုဒါနပြုကြရာဝယ်



ပေးကမ်းစွန့်ကြဲ လှူဒါန်းခြင်းကို ဒါနဟု ခေါ်ဆိုပါသည်။ ဒါနသည် ပုညကြိယ၀တ္တု ၁၀ ပါးအနက် တစ်ခုအပါအ၀င် ဖြစ်ပါသည်။ ပုညဆိုသည်မှာ ကောင်းမှု၊ ကြိယဆိုသည်မှာ ပြုသင့်သောတရား၊ ၀တ္တုသည် ကောင်းကျိုးချမ်းသာတို့တည်ရာကို ဆိုလိုပါသည်။ ထို့ကြောင့် ဒါနသည် ကောင်းကျိုးချမ်းသာတို့တည်ရှိလာဖို့ ပြုသင့်သော ကောင်းသောအမှု ဖြစ်ပါသည်။
ကောင်းသောအကျိုးတို့ဖြစ်လာစေသော အကြောင်းတရားသည် ကောင်းမှုပြုစဉ် ဖြစ်ပေါ်လာသော စေတနာသည် အဓိကဟု ကံ ကံ၏အကျိုးတွင် ဖော်ပြခဲ့ပါသည်။ အဘိဓမ္မာသဘောအရ စေတနာစေတသိတ်သည် သူချည်းသက်သက် မဖြစ်ပေါ်ပါ။ ကောင်းမှု ကုသိုလ်ပြုတိုင်း ဇောစိတ်တို့တွင် နာမ်တရား ၃၄ လုံးအမြဲ ပါပါသည်။ ထိုအထဲတွင် စိတ်တစ်လုံး စေတသိတ် ၃၃ လုံးပါ ပါသည်။ စေတသိတ်များကို ပေါင်းရုံး၍ သင်္ခါရဟုလည်း ခေါ်ဆိုပါသည်။ စေတသိတ်အုပ်စုတွင် စေတနာသည် ဦးစီး ဦးဆောင်သဖွယ်ဖြစ်၍ စေတနာကို ကံဟု ဘုရားရှင်က ဟောကြားခဲ့ပါသည်။ စေတနာကို ယှဉ်ဖက်စေတသိတ်များက အမှုကိစ္စပြီးစီးသည်အထိ ၀ိုင်းဝန်းပံ့ပိုးပေးကြပါသည်။ ယင်းတို့ အထဲ ၀ီရိယ၊ ပီတိ၊ သဒ္ဓါ၊ ဆန္ဒ၊ အလောဘ၊ အဒေါသ၊ ပညာဆိုသော စေတသိတ်တို့ အားကောင်းလျှင် ထက်သန်သော စေတနာဟု သတ်မှတ်ရပါမည်။
ထို့ကြောင့် ထက်သန်သော စေတနာဖြစ်ထို့ရာ ၀ီရိယသည် ရှေ့ဆုံးမှ ပါလာပါသည်။ ဆွမ်းလှူရာတွင် ဆွမ်းလှူဖို့ရာ စေတနာသည် အခရာကျပါသည်။ လှူချင်သောစေတနာသည် အလှူ ဖြစ်ဖို့ စေ့ဆော်မှု ဖြစ်ပါသည်။ ထိုစေတနာနှင့်အတူ ယှဉ်ဘက် ၀ီရိယက အားကြီးလာမှ အလှူ အထမြောက်ပါလိမ့်မည်။ ဆွမ်းအလှူတွင်လည်း ရိုးရိုးဆွမ်းအလှူနှင့် အထူးတလည် စီမံပြုလုပ်ရသော ဆွမ်းအလှူတို့တွင် ၀ီရိယ စိုက်ထုတ်ရမှု ကွာခြားသောကြောင့် စေတနာ ထက်သန်မှု ကွာခြားသည်ဟု ဆိုနိုင်ပါသည်။ တဖက်တွင်လည်း အထူးတလည်စီမံရသောကြောင့် အချိန်ပို ကြာပါသည်။ အချိန်ကြာသလောက် အလှူအထမြောက်ရန် စေ့ဆော်ရသော ကောင်းမှုကံ စေတနာသည်လည်း အချိန်ကြာမြင့်စွာ ဖြစ်ရပြန်သည်။ ထို့အတူ ၀မ်းမြောက်မှု ပီတိသည်လည်း ကွာပြန်သည်။ အထူးတလည်း စီမံချက်ပြုတ်ပြီး လှူဒါန်းရသည့်အတွက် ပုဗ္ပ၊ မုဉ္စ၊ အပရ စေတနာ သုံးတန်လုံးတွင် ပီတိက လွန်ကဲနေတတ်သည်။ သဒ္ဓါထက်သန်တော့ ဆန္ဒတွေ လွန်ကဲ၍ မောရမှန်း ပန်းရမှန်းမသိ ဖြစ်နေပြန်သည်။ ရက်ရက်ရောရော ပေးကမ်းလိုမှု အလောဘ၊ သံဃာတော်များ ကျမ်းမာရွှင်လန်း ခွန်အားတိုးပြီး စိတ်ချမ်းချမ်းသာသာဖြင့် သာသနာတာဝန်များ ဖမ်းဆောင်စေဖို့ဆိုသော မေတ္တာစိတ် အဒေါသ၊ ကံ ကံ၏အကျိုးကို သိနားလည်သော ပညာဉာဏ်တို့ပါ ပြည့်စုံပါက ထက်သန်သော စေတနာဖြစ်လာသလို အကျိုးပေးလည်း သန်စေပါသည်။ ဤနေရာတွင် ၀မ်းမြောက်မှု ပီတိကြောင့်လည်း ထက်သန်သည့် စေတနာဖြစ်စေကြောင်း ထင်ရှားသော သာဓကလေးကို ထုတ်နုတ်ပြပါဦးမည်။ ဒုဂါမဏိ အဘယမင်းသည် စုတေခါနီး အလှူစာရင်းဖတ်ပြရာ မဟာစေတီတော်ကြီးတည်ရသော ဒါနမှုထက် စစ်ရှုံးစဉ်က တောထဲတွင် ဆွမ်းတစ်နပ်စာ လှူခဲ့သော ဒါနကုသိုလ်ကိုသာ သတိရ ၀မ်းမြောက်မှု ပီတိဖြစ်သောကြောင့် တုသိတာ နတ်ပြည်သို့ ရောက်ရလေသည်။
ကံ ကံ၏အကျိုးတွင် ဖော်ပြခဲ့သလို ဒါနကုသိုလ် အကျိုးပေးသည် အလှူခံ ပုဂ္ဂိုလ်၏ သီလ သမာဓိ ပညာပေါ်လည်း မူတည်သည်။ ထို့ကြောင့် သံဃိကဒါန ဖြစ်အောင် လှူဖို့လည်း အရေးကြီးပါသည်။ ဆွမ်းကွမ်းစီစဉ်ကတည်းက “သံဃဿဒေမိ၊ သံဃဿဒေမိ” ဟု စိတ်မှာ ရည်မှတ်ပြီး လုပ်သင့်ပါသည်။ မိမိကပ်လှူသော သံဃာက ဒုဿီလ ဖြစ်နေမလားဟု စိတ်မှာ မငြိုငြင်မိစေရန် အားလုံးသော သံဃာများကို ကပ်လှူသည်ဟု နှလုံးသွင်းရန် အရေးကြီးပါသည်။ သို့မှသာ “ကုသလာ ဓမ္မော အကုသလဿ ဓမ္မဿ ဥပနိဿယ ပစ္စယေန ပစ္စယော” ဆိုသည့်အတိုင်း ကုသိုလ်အကြောင်းပြုပြီး အကုသိုလ် မဖြစ်မှာကို သတိပြု သင့်ပါသည်။ တခါတရံ စိတ်မထားတတ်လျှင် ကုသိုလ်ကလည်း အကုသိုလ်ကို ကျေးဇူးပြု တတ်ပါသည်။
အလှူပြုပြီးတိုင်း ဆုတောင်းရန်လို မလို မကြာခဏ မေးမြန်းကြပါသည်။ ကုသိုလ်ပြုတိုင်း ဆုတောင်းသည်ဖြစ်စေ၊ မတောင်းသည်ဖြစ်စေ ကမ္မနိယာမအရ ကောင်းကျိုး ရမည်မှာ အသေအချာပင်။ ဖြစ်လာမည့် ကောင်းကျိုးကို ကိုယ်ဖြစ်စေချင်တာကို စိတ်ကပြဌာန်းလိုက်ခြင်းသည် ဆုတောင်းခြင်းဟု မှတ်ယူရပါမည်။ အများထင်သော ဆုတောင်းခြင်းသည် တစ်စုံတစ်ယောက်သော သူဆီက မျော်လင့်သည့် သဘောပါနေပါသည်။ အမှန်မှာ မည်သူ့ဆီကမှ မျော်လင့်ခြင်းမဟုတ်ပဲ မိမိလုပ်သော ကောင်းကျိုးနှင့် ထိုက်တန်သည့် ကောင်းကျိုးများအနက် ဖြစ်ချင်တာကို ရည်မှန်းလိုက်ခြင်းပင်။ အလွယ်ဆုံး ဥပမာပြရလျှင် မိမိတွင် ပိုက်ဆံ ၁၀၀၀ ရှိသည်။ စူပါမားကတ် တစ်ခု ၀င်သွားသည်။ အားလုံးသိကြသည့်အတိုင်း ပစ္စည်းမျာတွင် ဈေးနှုန်းများကပ်ထားသည်။ ကျပ် ၁၀၀၀ လို့ ရေးထားတဲ့ ပစ္စည်းများမှာ မျိုးစုံရှိသည်။ အ၀တ်အထည်လား၊ အလှကုန်လား၊ နေ့စဉ်အသုံးအဆောင်လား စသဖြင့် မိမိကိုယ်တိုင် ရွှေးချယ်ရန် လိုအပ်ပါသည်။ ထိုနည်းတူစွာ ကုသိုလ်လုပ်ပြီးတိုင်း ကိုယ်ဖြစ်ချင်တာကို စိတ်က ပြဌာန်းလိုက်ရန် လိုအပ်ပါသည်။
ဒါနပြုခြင်းကို သံသရာရှည်သည်ဟု အချို့က ရှုမြင်ကြသည်။ ဒါနပြုရာတွင် “ ၀ဋ္ဋဒါန” နှင့် “ ၀ိဝဋ္ဋဒါန” ဟူ၍ ၂ မျိုးရှိပါသည်။ လူချမ်းသာ၊ နတ်ချမ်းသာ ကိုရည်စူး၍ လှူဒါန်းသော ဒါနကို ၀ဋဒါနဟု ခေါ်ပြီး၊ သံသရာဝဋ်ကျွှတ်လိုသော ၀ဋ်မကျွှတ်ခင်စပ်ကြား ခံစားရယုံသက်သက်ကို ရည်စူး၍ လှူဒါန်းသော ဒါနကို ၀ိဝဋဒါနဟု အရှင်ဇနကာဘိဝံသ၏ ကိုယ်ကျင့် အဘိဓမ္မာကျမ်းတွင် အဓိပ္ပါယ်ဖွင့်ဆိုထားပါသည်။ ဆုတောင်းခြင်းမှာ တိုက်တန်သော ကံကို ပြု၍ ထိုက်တန်သော အကျိုးကို မျှော်ကိုးခြင်း ဖြစ်ရာ လူချမ်းသာ၊ နတ်ချမ်းသာလောက်သာ တောင့်တကြ၍ သံသရာမှ မထွက်နိုင်ကြခြင်းဖြစ်ပါသည်။
ထို့ကြောင့် ကုသိုလ်ပြုတိုင်း “ နိဗ္ဗာန်ရောက်ရာ အထောက်အပံ့ဖြစ်ပါစေ၊ နိဗ္ဗာန် ရောက်ရပါလို၏” ဟု ဆုတောင်းသင့်ပါသည်။ သို့သော် နိဗ္ဗာန်သည် ဆုတောင်းရုံဖြင့် အလိုလိုတော့ မပြည့်ပါ။ မိုးကုတ်ဆရာတော်ကြီးက နိဗ္ဗာန်သည် အလုပ် လုပ်သူသာ ရသည်၊ ဆုတောင်းရုံသာတတ်သည့် အချောင်သမားများနှင့် မဆိုင်ဟု မိန့်ခဲ့ပါသည်။ အားထုတ်သူသာ ရသည်ဟု ဆိုလိုပါသည်။ သို့သော် နိဗ္ဗာန်ရောက်စေတဲ့ အကြောင်းတရားများ မိမိသန္တာန်တွင် ပြည့်စုံလာစေခြင်းသည်ပင် ဆုတောင်းပြည့်ခြင်းပင်။ သားရွှေအိုးထမ်းတဲ့ ဆုတောင်းမျိုး ဖြစ်ပါသည်။ နိဗ္ဗာန်ရဖို့သည် သုဂတိဘုံတွင် ရှိရမည်။ ဗုဒ္ဓသာသနာနဲ့ တွေ့ရမည်။ တနည်းပြောရရင် ရပ်ပြစ် ၈ ပါး လွတ်ရဦးမည်။ သစ္စာတရားကြားနားကြားနိုင်သောနား၊ ထိုးထွင်းသိနိုင်တဲ့ အမောဟစေတသိတ်ပါသော ပဋိသန္ဓေ(တိဟိတ်)ဖြစ်ရဦးမည်။ ၀ိပဿနာကို နည်းမှန်လမ်းမှန် အားထုတ်နိုင်ဖို့ လမ်းညွှန်ပြသမည့် ကလျာဏမိတ္တနှင့် တွေ့ရဦးမည်။ ယင်းအချက်များ ပြည့်စုံလျှင်ပင် လူဖြစ်ရကျိုး နပ်နေပါပြီ။ ထို့ထက် ကိုယ်တိုင် အားထုတ်ပြီး နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်လျှင်ကား အတိုင်းထက်အလွန်ပင် မဟုတ်ပါလား။ ထို့ကြောင့် တစ်ချက်ထဲနဲ့ သုံးလေးချက် ပြည့်စုံသော ဆုတောင်းဟုလည်း ခေါ်ဆိုနိုင်ပါသည်။
အချုပ်အားဖြင့်ဆိုရသော် ဒါနပြုရာတွင် အထက်တွင် တင်ပြခဲ့သော စေတာနာထက်သန်ရန် ချီးမြှောက်ပေးနေသော ၀ီရိယ၊ ပီတိ၊ သဒ္ဓါ၊ ဆန္ဒ၊ အလောဘ၊ အဒေါသ၊ ပညာ စသည်တို့ ပြည့်စုံနိုင်သမျှ ပြည့်စုံစေဖို့ လိုသလို ဘုရားအမှူးပြုသော သံဃာအဖွဲ့အစည်းကို ရည်မှတ်၍ လှူဒါန်းမှု ပြုသင့်ကြောင်း၊ ကုသိုလ်လုပ်ပြီးတိုင်း ဆုတောင်းရာတွင် လူချမ်းသာ၊ နတ်ချမ်းသာလောက်နဲ့ မတင်းတိမ်သင့်ပဲ သာသနာနှင့် ကြုံရခိုက် နိဗ္ဗာန်ကိုသာ ရည်မှတ်၍ ကုသိုလ်ပြုကြရန် အကြံပြု တိုက်တွန်းလိုက်ရပါသည်။